News

ေ႐ႊေစ်းႏႈန္းအဆမတန္ထိုးက်ေနမႈေၾကာင့္ ကိုဗစ္ေတာင္မေရွာင္ ေ႐ႊအလုအယွက္ဝယ္ယူေနခဲ့ၾကတဲ့အျဖစ္

ၿပီးခဲ့တဲ့ႏိုဝင္ဘာ ၂၈ရက္ေန႔က မေလးရွားႏိုင္ငံရဲ႕ေ႐ႊတစ္ကီလိုကို ရင္းဂစ္ ၂၂၃( ၇၂,၁၀၀က်ပ္)မွရင္းဂစ္၂၃၄(၇၅,၇၀၀က်ပ္ )အၾကားအထိ ေ႐ႊေစ်းႏႈန္းက်ဆင္းမႈဟာ Kota Bharuၿမိဳ႕ရွိရတနာေ႐ႊဆိုင္မ်ားစြာမွာ လူအမ်ားအျပားစု႐ုံးသြားေစခဲ့ပါတယ္။

ေ႐ႊဝယ္သူေတြဟာ နံနက္၉နာရီခန္႔မွစၿပီး ေ႐ႊဆိုင္ေတြမွာ ျပည့္ႏွက္ေနခဲ့ၾကသလို ေ႐ႊဝယ္သူေတြက maskေတြတပ္ထားၾကေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္၆ေပမျခားထားတဲ့အျပင္ ဆိုင္ရွင္ေတြက သူတို႔ရဲ႕ေဖာက္သည္ေတြအား ဆိုင္ေသးေသးေလးေတြထဲ ေ႐ႊဝင္ေ႐ြးဖို႔ ခြင့္ျပဳေပးထားၾကၿပီး အထူးသျဖင့္ Kelantanျပည္နယ္မွာ COVID-19 ျဖစ္ပြါးမႈျမင့္တက္လာေနတာကို အဆိုပါလူတစ္အုပ္က ေမ့ေလ်ာ့ေနၾကပုံပါဘဲ။

အသက္၄၀အ႐ြယ္ Rosnani Abdul Rahmanအမည္ရွိတဲ့ေ႐ႊဝယ္သူအမ်ိဳးသားတစ္ဦးက Pasir Masၿမိဳ႕ထက္ ေ႐ႊေစ်းေပါေနတာေၾကာင့္ Kota Bharuၿမိဳ႕ကို အျမန္လာခဲ့တာျဖစ္ၿပီး အေျခအေနက လူအရမ္းမ်ားေနလို႔ ေ႐ႊၾကည့္ဖို႔ မိနစ္၃၀ေလာက္ရပ္ေစာင့္ေနခဲ့ရပါတယ္တဲ့။မေလးရွားႏိုင္ငံရဲ႕ေ႐ႊေစ်းဟာ ၿပီးခဲ့တဲ့အပတ္ကစၿပီး ဒီေန႔ထိအနိမ့္ဆုံးအထိကို ေစ်းအေသက်ေနခဲ့တာပါ။

Pasar Siti Khadijahေစ်းရဲ႕ဆိုင္ရွင္တစ္ဦးဟာ ႏိုဝင္ဘာ၂၈ရက္ေန႔တုန္းက လက္ခံရရွိတဲ့ပစၥည္းေတြအပါအဝင္ က်န္ပစၥည္းေတြအကုန္ေရာင္းကုန္ခဲ့ၿပီး သူတို႔က COVID-19 စည္းကမ္းေတြကို လိုက္နာခဲ့ေပမဲ့ ေဖာက္သည္ေတြက အလုအယွက္ဝင္တိုးလာခဲ့တာေၾကာင့္ သူတို႔ကတရားခံျဖစ္သြားခဲ့ေၾကာင္း ဆိုထားပါေသးတယ္။

အဲ့လိုျဖစ္ရပ္ေတြေၾကာင့္ ဒီေန႔ကစၿပီး သက္ဆိုင္ရာအရာရွိေတြက အဆိုပါေစ်းဧရိယာတစ္ဝိုက္ကို စစ္ေဆးေစာင့္ၾကည့္ခဲ့ၾကရပါတယ္။Kelantanျပည္နယ္ ရဲမႉးခ်ဳပ္ Shafien Mamat က ေရာဂါကူးစက္မႈအရွိန္ျမင့္တက္ေနဆဲမို႔ ေ႐ႊဆိုင္ပိုင္ရွင္ေတြအပါအဝင္ျပည္သူလူထုေတြအား ေလာဘမႀကီးဖို႔နဲ႔ COVID-19 စည္းကမ္းခ်က္ေတြကို အာ႐ုံစိုက္လိုက္နာဖို႔ သတိေပးခဲ့ရပါတယ္။

အဆိုပါရဲမႉးက ႏိုဝင္ဘာ ၂၈ရက္ေန႔ကတည္းက အဆိုပါၿမိဳ႕ရွိေ႐ႊဆိုင္ပိုင္ရွင္ေတြအား တိုင္တန္းထားတဲ့အမႈေပါင္း ၉ခုရွိေနၿပီး”လူေတြက ေ႐ႊဝယ္ခ်င္ေနတာကို ကြၽန္ေတာ္တို႔သိပါတယ္ ဒါေပမဲ့သူတို႔ေတြ mask ေသခ်ာတပ္ၿပီး စနစ္တက်နဲ႔ social distancing လည္းလုပ္ေဆာင္ၾကဖို႔လိုတယ္”လို႔ ဆိုထားပါတယ္။ဒီကေန႔မွာေတာ့ ရဲေတြက အဆိုပါၿမိဳ႕ကိုေစာင့္ၾကည့္ခဲ့ၾကၿပီး အကယ္လို႔ ေရာဂါရဲ႕စည္းကမ္းအတိုင္းလိုက္နာမႈမရွိတာကိုေတြ႕ရင္ေတာ့ ခ်က္ခ်င္းအေရးယူခဲ့ၾကပါတယ္။

ဒါ့အျပင္ ျပည္နယ္က်န္းမာေရး ဦး စီးဌာန (JKN) ၏ဒါ႐ိုက္တာ Datuk ေဒါက္တာ Zaini Hussinကလည္း လက္ရွိ Kelantan ျပည္နယ္မွာ ေရာဂါအေျခအေနျမင့္တက္ေနေသးတာေၾကာင့္ ေ႐ႊဝယ္သူေတြနဲ႔ေရာင္းခ်သူေတြကို COVID-19 ေရာဂါကာကြယ္တဲ့လုပ္ထုံးလုပ္နည္း(SOP)အား အာ႐ုံစိုက္ၾကဖို႔သတိေပးခဲ့ရပါေသးတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၈ရက်နေ့က မလေးရှားနိုင်ငံရဲ့ရွှေတစ်ကီလိုကို ရင်းဂစ် ၂၂၃( ၇၂,၁၀၀ကျပ်)မှရင်းဂစ်၂၃၄(၇၅,၇၀၀ကျပ် )အကြားအထိ ရွှေစျေးနှုန်းကျဆင်းမှုဟာ Kota Bharuမြို့ရှိရတနာရွှေဆိုင်များစွာမှာ လူအများအပြားစုရုံးသွားစေခဲ့ပါတယ်။

ရွှေဝယ်သူတွေဟာ နံနက်၉နာရီခန့်မှစပြီး ရွှေဆိုင်တွေမှာ ပြည့်နှက်နေခဲ့ကြသလို ရွှေဝယ်သူတွေက maskတွေတပ်ထားကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်၆ပေမခြားထားတဲ့အပြင် ဆိုင်ရှင်တွေက သူတို့ရဲ့ဖောက်သည်တွေအား ဆိုင်သေးသေးလေးတွေထဲ ရွှေဝင်ရွေးဖို့ ခွင့်ပြုပေးထားကြပြီး အထူးသဖြင့် Kelantanပြည်နယ်မှာ COVID-19 ဖြစ်ပွါးမှုမြင့်တက်လာနေတာကို အဆိုပါလူတစ်အုပ်က မေ့လျော့နေကြပုံပါဘဲ။

အသက်၄၀အရွယ် Rosnani Abdul Rahmanအမည်ရှိတဲ့ရွှေဝယ်သူအမျိုးသားတစ်ဦးက Pasir Masမြို့ထက် ရွှေစျေးပေါနေတာကြောင့် Kota Bharuမြို့ကို အမြန်လာခဲ့တာဖြစ်ပြီး အခြေအနေက လူအရမ်းများနေလို့ ရွှေကြည့်ဖို့ မိနစ်၃၀လောက်ရပ်စောင့်နေခဲ့ရပါတယ်တဲ့။မလေးရှားနိုင်ငံရဲ့ရွှေစျေးဟာ ပြီးခဲ့တဲ့အပတ်ကစပြီး ဒီနေ့ထိအနိမ့်ဆုံးအထိကို စျေးအသေကျနေခဲ့တာပါ။

Pasar Siti Khadijahစျေးရဲ့ဆိုင်ရှင်တစ်ဦးဟာ နိုဝင်ဘာ၂၈ရက်နေ့တုန်းက လက်ခံရရှိတဲ့ပစ္စည်းတွေအပါအဝင် ကျန်ပစ္စည်းတွေအကုန်ရောင်းကုန်ခဲ့ပြီး သူတို့က COVID-19 စည်းကမ်းတွေကို လိုက်နာခဲ့ပေမဲ့ ဖောက်သည်တွေက အလုအယှက်ဝင်တိုးလာခဲ့တာကြောင့် သူတို့ကတရားခံဖြစ်သွားခဲ့ကြောင်း ဆိုထားပါသေးတယ်။

အဲ့လိုဖြစ်ရပ်တွေကြောင့် ဒီနေ့ကစပြီး သက်ဆိုင်ရာအရာရှိတွေက အဆိုပါစျေးဧရိယာတစ်ဝိုက်ကို စစ်ဆေးစောင့်ကြည့်ခဲ့ကြရပါတယ်။Kelantanပြည်နယ် ရဲမှူးချုပ် Shafien Mamat က ရောဂါကူးစက်မှုအရှိန်မြင့်တက်နေဆဲမို့ ရွှေဆိုင်ပိုင်ရှင်တွေအပါအဝင်ပြည်သူလူထုတွေအား လောဘမကြီးဖို့နဲ့ COVID-19 စည်းကမ်းချက်တွေကို အာရုံစိုက်လိုက်နာဖို့ သတိပေးခဲ့ရပါတယ်။

အဆိုပါရဲမှူးက နိုဝင်ဘာ ၂၈ရက်နေ့ကတည်းက အဆိုပါမြို့ရှိရွှေဆိုင်ပိုင်ရှင်တွေအား တိုင်တန်းထားတဲ့အမှုပေါင်း ၉ခုရှိနေပြီး”လူတွေက ရွှေဝယ်ချင်နေတာကို ကျွန်တော်တို့သိပါတယ် ဒါပေမဲ့သူတို့တွေ mask သေချာတပ်ပြီး စနစ်တကျနဲ့ social distancing လည်းလုပ်ဆောင်ကြဖို့လိုတယ်”လို့ ဆိုထားပါတယ်။ဒီကနေ့မှာတော့ ရဲတွေက အဆိုပါမြို့ကိုစောင့်ကြည့်ခဲ့ကြပြီး အကယ်လို့ ရောဂါရဲ့စည်းကမ်းအတိုင်းလိုက်နာမှုမရှိတာကိုတွေ့ရင်တော့ ချက်ချင်းအရေးယူခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်နယ်ကျန်းမာရေး ဦး စီးဌာန (JKN) ၏ဒါရိုက်တာ Datuk ဒေါက်တာ Zaini Hussinကလည်း လက်ရှိ Kelantan ပြည်နယ်မှာ ရောဂါအခြေအနေမြင့်တက်နေသေးတာကြောင့် ရွှေဝယ်သူတွေနဲ့ရောင်းချသူတွေကို COVID-19 ရောဂါကာကွယ်တဲ့လုပ်ထုံးလုပ်နည်း(SOP)အား အာရုံစိုက်ကြဖို့သတိပေးခဲ့ရပါသေးတယ်။

Mia (Mckzone Daily)