News

မင်းကင်းအမတ်ဦးမောင်မြင့်ကို အမှုဖွင့်တိုင်ကြားထားသည့် NLD ဥပဒေအထောက်အကူပြု ဥက္ကဌ ကို ကြံ့ခိုင်ရေးက ပြန်တိုင်သဖြင့် ၅၀၅ခနှင့်ယနေ့ ဖမ်းဆီးခံရ

မင်းကင်းအမတ်ဦးမောင်မြင့်ကို အမှုဖွင့်တိုင်ကြားထားသည့် NLD ဥပဒေအထောက်အကူပြု ဥက္ကဌ ကို ကြံ့ခိုင်ရေးက ပြန်တိုင်သဖြင့် ၅၀၅ခနှင့်ယနေ့ ဖမ်းဆီးခံရ

ရန်ကုန်၊၂၀၂၀၊ ဒီဇင်ဘာ၃ရက်

မင်းကင်းအမတ်ဦးမောင်မြင့်ကို အမှုဖွင့်တိုင်ကြားထားသည့် မင်းကင်းမြို့နယ် NLDပါတီ ဥပဒေအထောက်အကူပြု ဥက္ကဌ ကို ကြံ့ခိုင်ရေးက ပြန်တိုင်သဖြင့် ၅၀၅ခနှင့်ယနေ့ ဖမ်းဆီးခံရကြောင်းသိရသည်။

ဒီဇင်ဘာ ၃ရက် ဖမ်းဆီးခံရသည့်အကြောင်းအရင်း အားဆက်သွယ်မေးမြန်းရာတွင် ဦးကျော်မင်းထွဋ်၏ ညီဖြစ်သူ ဦးကျော်မင်းအောင်က Myanmar Harp mediaသို့ပြောသည်။

” မနက်ဆယ်နာရီလောက်က လာဖမ်းသွားတာပဲ။တရားရုံး ဖမ်းဝရမ်းနဲ့။ ပုဒ်မ ၅၀၅ခ နဲ့ဆိုပြီးတော့။တရားလိုကထွေအုပ်ကလို့သိရပါတယ်”ဟု ၎င်းကပြောသည်။

မင်းကင်းမြို့နယ် NLDပါတီ ဥပဒေအထောက်အကူပြု ဥက္ကဌ ဦးကျော်မင်းထွဋ်သည် မင်းကင်းအမတ်ဦးမောင်မြင့်အား ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ဂဖြင့် မင်းကင်းရဲစခန်းတွင်အမှုဖွင့်ပြီးနောက် ယခုကဲ့သို့ ပြန်လည်တိုင်တန်းခံခဲ့ရခြင်းဖြစ်သည်။

ဦးကျော်မင်းထွဋ်သည် ရွေးကောက်ပွဲအပြီး ၎င်းလူမှုကွန်ရက်တွင် ရေးသားထားသည့်အကြောင်းအရာများကို ကြံ့ခိုင်ရေးအမတ်လောင်း ဒေါက်တာဆန်းဝင်းမှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကိုတိုင်ကြားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ဦးကျော်မင်းထွဋ်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မင်းသီဟန်/Myanmar Harp