💉 #ကာကွယ်ဆေးနဲ့ပတ်သက်ပြီးသိထားရမယ့် (side effects) #ဘေးထွက်ဆိုးကျိုးများ။
ကိုဗစ်ကာကွယ်ဆေးဟာ ကျနော်တို့အားလုံးရဲ့ကယ်တင်ရှင်ပါ။
ဒါပေမယ့် #ဖြစ်လာနိုင်သမျှကိုကြိုတင်ရှင်းပြထားမှ ကာကွယ်ဆေးထိုးနှံချိန်မှာ မလိုလားအပ်တဲ့ပြဿနာတွေမတက်မှာပါ။
#ပြည်သူလူထုအနေနဲ့သိသင့်သိထိုက်တာကိုသိနားလည်ပြီးတစ်ခုခုဆိုပျာယာမခတ်ဖို့ ဒီစာကိုရေးပါတယ်။
နမူနာပြဿနာတစ်ခုကိုပြောပါမယ်။
ယခုလောလောဆယ် အိန္ဒိယမှာ Oxford ကာကွယ်ဆေးကို စမ်းသပ်နေသူတစ်ယောက်က #သူ့မှာပြင်းထန်တဲ့ဆိုးကျိုးတွေခံစားရပါတယ်ဆိုပြီး လျှော်ကြေးတောင်းခဲ့ပါတယ်။
တောင်းတာမှ မြန်မာငွေသိန်း ၉၀၀၀ နီးပါးလောက်အချီကြီးတောင်းတာပါ။
စက်တင်ဘာ ၂၉ မှာကာကွယ်ဆေးစမ်းသပ်ရာမှာပါမယ်လို့ သဘောတူတယ်။ အောက်တိုဘာ ၁ ရက်နေ့မှာ ပထမတစ်လုံးထိုးပါတယ်။
ထိုးပြီး ၁၀ ရက်အတွင်း မည်သည့်ဘေးထွက်ခံစားရမှုမှ မရှိခဲ့ပါ။
၁၀ ရက်ကျော်မှ ခေါင်းကိုက်တာနဲ့ အော့အန်တာဖြစ်ပါသတဲ့။
နောက်တော့သူ့မှာအာရုံကြောရောဂါလက္ခဏာခံစားရပါတယ်ဆိုပြီး သိန်း ၉၀၀၀ လောက်တောင်းတော့တာပါပဲ။
Serum Institute ကလည်းဘယ်ရပါ့မလဲ။ ရှေ့နေရှေ့ရပ် ဆေးပညာရှင်တွေနဲ့တိုင်ပင်ပြီး သိန်း ၁၈၀၀၀ လျှော်ကြေးကိုမှတ်လောက်သားလောက်အောင်ပြန်တောင်းပစ်ပါတယ်။
အခုတော့တရားရင်ဆိုင်ကြဆဲပါ။
ကျနော့်ရဲ့အဓိကရည်ရွယ်ချက်က နိုင်ငံတော်ရဲ့ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်မှာ #ပြဿနာကင်းကင်းနဲ့အဆင်ပြေချောမွေ့စေရေးပါ။
👉 #ကာကွယ်ဆေးထိုးရင်ဒါလေးတွေကြုံရနိုင်တယ်ဆိုတာကို သိထားစေချင်တာပါ။
💉 ကာကွယ်ဆေးမှာ ဆိုးကျိုး (၃) မျိုးတက်နိုင်ပါတယ်။
(၁) Side effects လို့ခေါ်တဲ့ ယာယီဘေးထွက်ခံစားရမှု၊
(၂) SAE (serious adverse event) လို့ခေါ်တဲ့ လူ့အသက်သေစေနိုင်လောက်တဲ့အထိပြင်းထန်တဲ့ ဘေးဖြစ်နိုင်တဲ့ဆိုးကျိုး၊
(၃) Long term effects လို့ခေါ်တဲ့ ရေရှည်ပြဿနာ၊
ကျနော့်ကိုယ်ပိုင်အနေနဲ့ (၁) နဲ့ (၂) ကိုပဲကြည့်ပါတယ်။ (၃) ကလည်းရှိတတ်တာသိထားရအောင်ထည့်ရေးပေးတာပါ။
ကျနော့်အနေနဲ့ ကာကွယ်ဆေးမထိုးခင် (၂) ကိုသေချာကြည့်ပါတယ်။ ရှောင်လွဲလို့မရတဲ့ (၁) ကိုတော့ ကြိုသိထားရအောင် လေ့လာထားပါတယ်။
ကဲ … ကြည့်ရအောင်။
(၁) Side effects လို့ခေါ်တဲ့ ယာယီဘေးထွက်ခံစားရမှု၊
▪️ချမ်းဖျားဖျားပြီးကိုယ်ပူချိန်တက်မယ်။
Moderna စမ်းသပ်မှုမှာပါဝင်တဲ့တစ်ယောက်မှာ ကာကွယ်ဆေးထိုးအပြီး နာရီအနည်းငယ်အကြာမှာ (bone-breaking chills) #အရိုးကွဲလောက်အောင်ချမ်းပြီး ကိုယ်ပူချိန် ၁၀၂ ဖာရင်ဟိုက်အထိအပူတက်ဖူးတယ်။
ဒါပေမယ့် နာရီအနည်းငယ်အကြာမှာပဲ ပြန်လည်သက်သာသွားသတဲ့။
သိထားဖို့က – Moderna ကာကွယ်ဆေးရဲ့ လူပြောအများဆုံး side effects က ကိုယ်ပူတက်တာနဲ့ ချမ်းဖျားဖျားတာပဲ။
ဘယ်လောက်ပြင်းထန်သလဲကတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြပါ။
ကိုယ်ခန္ဓာက antibodies စထွက်ချိန်မှာ inflammatory markers တွေတက်လာပြီး ကိုယ်ပူတက်ကာ ကိုယ်ခန္ဓာရောင်ရမ်းတတ်ပါတယ်။
▪️ခေါင်းကိုက်ခြင်း
အဲ့ဒီကိုယ်ခန္ဓာရောင်ရမ်းတဲ့တုန့်ပြန်မှုရဲ့နောက်ထပ်လက္ခဏာတစ်ခုကတော့ ခေါင်းကိုက်ခြင်းနဲ့ ကိုယ်ခန္ဓာအနည်းငယ်နာကျင်ခြင်းပါပဲ။
Stress စိတ်ဖိဆီးမှု၊ irritability စိတ်ကသိကအောက်ဖြစ်မှု၊ drowsiness အိပ်ချင်တာတွေလည်း ဖြစ်တတ်ပါတယ်။
စာရင်းဇယားတွေအရ ကာကွယ်ဆေးထိုးထားတဲ့လူတွေရဲ့ ၅၀% ဟာ ခေါင်းတစစ်စစ်ကိုက်တတ်ပါသတဲ့။
▪️မူးဝေအော့အန်ခြင်း
ကာကွယ်ဆေးဟာ အစာနဲ့အူလမ်းကြောင်းစနစ်ကိုအကျိုးသက်ရောက်မှုရှိတတ်ပါတယ်။
Moderna ကာကွယ်ဆေးကို မေလတုန်းက high dose စမ်းသပ်သူတစ်ယောက်မှာ နာရီပေါင်းများစွာ လုံးဝဒေါင်းဆင်းသွားတာ ခံစားခဲ့ရဖူးပါသတဲ့။
ကာကွယ်ဆေးထိုးပြီးရင် မူးဝေအော့အန်တာ၊ ဗိုက်နာတာ၊ ပင်ပန်းနွမ်းနယ်တာ ဖြစ်တတ်ပါသတဲ့။
▪️ကြွက်သားတွေရောင်ရမ်းနာကျင်တာ။
အဲ့ဒါလည်းဖြစ်တတ်တဲ့လက္ခဏာတစ်ခုပါ။ တကိုယ်လုံးရောင်ရမ်းတာ အင်ပျဉ်ထတာတွေလည်းဖြစ်တတ်ပါတယ်။
Pfizer, Moderna, Oxford ကာကွယ်ဆေးအားလုံးမှာ ကြွက်သားတွေရောင်ရမ်းနာကျင်တာ တွေ့ရတတ်ပါသတဲ့။
▪️ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာလည်း ဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပါ။
Pfizer ကာကွယ်ဆေးထိုးထားတဲ့တစ်ယောက်မှာတော့ ခေါင်းတစ်ခြမ်းကိုက်ခြင်းအကြီးအကျယ်ဖြစ်ခဲ့ပါသတဲ့။
နဂိုကတည်းက ခေါင်းတစ်ခြမ်းကိုက်တာဖြစ်တတ်တဲ့သူတွေမှာ ကာကွယ်ဆေးထိုးပြီးရင် ခေါင်းတစ်ခြမ်းကိုက်တာပြန်ဖြစ်ခဲ့ပါသတဲ့။
အထက်ပါဘေးထွက်ခံစားရမှု (၅) မျိုးကို ကာကွယ်ဆေးထိုးချိန်မှာ ဖြစ်တတ်တဲ့လက္ခဏာတွေအဖြစ်ကြိုသိထားဖို့လိုပါတယ်။
(၂) SAE (serious adverse event) လို့ခေါ်တဲ့ လူ့အသက်သေစေနိုင်လောက်တဲ့အထိပြင်းထန်တဲ့ ဘေးဖြစ်နိုင်တဲ့ဆိုးကျိုး၊
အခုအချိန်အထိ အနောက်တိုင်းကာကွယ်ဆေးကုမ္ပဏီတွေက ကာကွယ်ဆေးစမ်းသပ်မှုဒေတာတွေကို #မကြုံစဖူးပွင့်ပွင့်လင်းလင်းချပြတာကိုတွေ့ရပါတယ်။
အနောက်တိုင်းကာကွယ်ဆေးတွေမှာ SAE ပြဿနာကိုမတွေ့ရသေးပါ။
ဒါပေမယ့် ကာကွယ်ဆေးစမ်းသပ်နေစဉ်ကာလမှာတော့ SAE ပြဿနာကို တင်ပြလို့ စုံစမ်းစစ်ဆေးရတာရှိပါတယ်။
Oxford ကာကွယ်ဆေးကို ဘရာဇီးမှာစမ်းစဉ်မှာ လူသေဆုံးမှုဖြစ်ခဲ့တယ်လို့ ပြောပေမယ့် တကယ်တော့ ကာကွယ်ဆေးအစစ်မထိုးထားတဲ့သူဖြစ်နေပါတယ်။
Oxford ကာကွယ်ဆေးကိုပဲ 🇬🇧 ယူကေနိုင်ငံမှာစမ်းစဉ်မှာ အာရုံကြောပြဿနာတက်တယ်လို့ ပြောဖူးပါတယ်။
Oxford ကတော့ရှင်းပါတယ်။ ပြင်ပကလွတ်လပ်တဲ့ ဘုတ်အဖွဲ့ကိုစစ်ဆေးခိုင်းခဲ့ပါတယ်။ အဲ့ဒါလည်း ကာကွယ်ဆေးနဲ့မသက်ဆိုင်တာတွေ့ရှိခဲ့ပါတယ်။
Oxford ကာကွယ်ဆေးစမ်းသပ်မှုကို အမေရိကန် FDA ကလည်းအသေအချာ တစ် လလောက်စစ်ဆေးပြီးမှ ပြန်လည်စမ်းသပ်ခွင့်ပြုခဲ့တာပါ။
Johnson & Johnson ရဲ့ကာကွယ်ဆေးမှာ ပြဿနာတက်ခဲ့တယ်လို့ အသံထွက်ခဲ့ပေမယ့် ပြန်လည်စမ်းသပ်ခွင့်ရခဲ့ပါတယ်။ အမေရိကန်မှာ မသေချာပဲ ပြန်စမ်းသပ်ခွင့်မပေးပါ။
🇨🇳 Sinovac ရဲ့ကာကွယ်ဆေးလည်း ဘရာဇီးမှာ လူသေစေခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။
နောက်တော့ အဲ့ဒီလူသေဆုံးမှုဟာ ကာကွယ်ဆေးနဲ့မသက်ဆိုင်လို့ဆိုပြီး ပြန်လည်စမ်းသပ်ခွင့်ပြုခဲ့ပါတယ်။
(၃) Long term effects လို့ခေါ်တဲ့ ရေရှည်ပြဿနာ၊
ကိုဗစ်ကာကွယ်ဆေးဟာအရင့်အရင်က ကာကွယ်ဆေးတွေလိုမဟုတ်ပဲ တက်သုတ်ရိုက်စမ်းသပ်ခဲ့ရတာပါ။
အဲ့ဒါကြောင့် long term effect (ရေရှည်ပြဿနာ) ကို မသိရသေးပါ။
သို့သော် #ကမ္ဘာ့အသိအမှတ်ပြုဝါရင့်ကုမ္ပဏီကြီးတွေရဲ့ ကာကွယ်ဆေးတွေကတော့ ရေရှည်ပြဿနာတက်ဖို့ ခဲယဉ်းပါတယ်။ သူတို့က ကာကွယ်ဆေးအတွေ့အကြုံအလွန်များပြီးသားဖြစ်လို့ပါ။
ကာကွယ်ဆေးနဲ့ပတ်သက်လို့ လူသေစေတဲ့အထိတက်ခဲ့တဲ့ သမိုင်းကြောင်းတွေကို ကျနော်ရေးထားဖူးလို့ ပြန်မရေးတော့ပါ။
အောက်ပါ (၅) ချက်ကိုဂရုပြုကြပါ။
(၁) အရေးအကြီးဆုံးက နိုင်ငံတကာကအသိအမှတ်ပြုကာကွယ်ဆေးဖြစ်ရေးပါ။ WHO က #အသိအမှတ်ပြုကာကွယ်ဆေးဖြစ်ဖို့လိုပါတယ်။
(၂) နောက်တစ်ချက်က #ကာကွယ်ဆေးအတုမမိစေဖို့ပါ။
(၃) ကာကွယ်ဆေးသယ်ပို့ထိုးနှံရင်း ဂိုထောင်နဲ့လမ်းခရီးမှာ #လိုအပ်တဲ့အအေးဓာတ်မပြတ်ရနေဖို့ပါ။
(၄) ကာကွယ်ဆေးထိုးမယ့်သူဟာ side effects တွေကို သေချာသိနားလည်ထားဖို့ပါ။
(၅) ကောလဟာလတွေကိုသတိထားကြပါ။ ရမ်းသမ်းမယုံကြည်ကြပါနဲ့။
ပြဿနာတစ်ခုခုတက်လာရင် အထိတ်တလန့်မဖြစ်ပဲ နိုင်ငံတစ်ဝှမ်းကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို အနှောင့်အယှက်မဖြစ်ဖို့ပါခင်ဗျား။
ကျေးဇူးတင်ပါတယ်။
(မူရင်းရေးသားသူ ဆရာ Richard Myo Thant ရဲ့စာတွေကို ဖတ်ချင်ရင် ယခုဖော်ပြထားတဲ့ FB အကောင့်ကို နှိပ်ပြီး Follow လုပ်ထားပါနော်)
Richard Myo Thant
3-December-2020
(စာကိုကူးယူသူများ Page လင့်လေးပါထည့်သွင်းကူးယူပေးဖို့ မေတ္တာရပ်ခံပါတယ်။)