လူ လေးယောက်ပဲ ရှိတဲ့ မိသားစုမှာ သုံးယောက်ကို ဆွဲခေါ်သွားတဲ့ ကိုဗစ်ရဲ့ ကြောက်စရာ ကောင်းပုံ
ဆေးရုံတတ်ခဲ့တဲ့ ရက် ၂၀ မှာ မျက်ဝါးထင်ထင် မြင်ခဲ့ရတာ ကိုဗစ်ဟာ သိပ်ကြောက်စရာကောင်းတယ် ဆိုတာပါပဲ။
လူငယ်/လူကြီးမရွေး မျက်စိရှေ့တင် တဖြုတ်ဖြုတ် ကြွေလွင့်သွားကြတာ ဝမ်းနည်းစရာကောင်းလိုက်တာလေ။
သားအမိ သားအဖ လေးဦး အောက်ဆီဂျင်ကျလို့ ဆေးရုံကိုရောက်လာတာ လမ်းလျှောက်ပြီး လာခဲ့ကြတာ
အောက်ဆီဂျင်ကျနေပေမယ့် မျက်နှာတွေရွှင်ရွှင်လန်းလန်းနဲ့ အခန်းထဲအတူတူနေရတော့
စိတ်ချမ်းသာနေကြပုံပါပဲ။ ငွေကြေးလည်းပြေလည်သူတွေဆိုတာ ကြည့်တာနဲ့သိနေရတယ်။
သူတို့တွေ ဆေးရုံရောက်ပြီး ၂ ရက်မြောက်မှာ အဖေရယ် သားရယ် သမီးရယ် သုံးယောက်ဟာ ရုတ်တရက်
ဆီးချိုတွေမြင့်တက်လိုက် အောက်ဆီဂျင် level ထိုးကျလိုက်နဲ့ ဖြစ်တာ ဖြစ်တာလေ။
PPE တွေဝတ်ပြီး ကုသမှုတွေ ဆက်တိုက် လုပ်ပေမယ့် နောက်တရက်မှာ သူတို့ ၃ ယောက်လုံး
အခြေအနေမကောင်းတော့ပါဘူး ဘာရောဂါ အခံရှိလဲတော့ ကိုယ်လည်း မသိပါဘူး။
ကျန်နေတဲ့ အမေတယောက်က ကောင်းနေတာမို့ သူကို့ တခြားအခန်းရွေ့လိုက်ပြီး သိပ်မကြာခင်မှာပဲ
ကျန်၃ယောက်လုံး ဟာ သေဆုံးကွယ်လွန် သွားပါတော့တယ် ရင်ထဲ ထိခိုက်လိုက်တာ မျက်ရည်ပါကျရပါတယ်။
တယောက်တည်းကျန်ခဲ့တဲ့ အမေဟာ အိပ်ယာထဲ ဘုန်းဘုန်းလဲတော့တာ ဘယ်သူနဲ့မှ ဘာစကားမှမပြော
ဘာမှမစားနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝနလန်မထူတော့ အဲ့ဒီ့နေရာမှာ ဆရာဝန်တွေကို
လေးစားရပါတယ် ဘာရောဂါအခံမှမရှိသူ ဆွဲခေါ်ရင်ပါ့မယ်သူဆိုတာ သူတို့ သိတဲ့ပုံပါပဲ။
အဲ့ဒီ့အမေ့ကို ဝိုင်းဝန်းကြတာ ဘေးကမျက်ရည်ကြရတယ် တကယ့်သွေးသားရင်းလို ထမင်းပါခွံ့ကျွေးတဲ့
လူသားအချင်းချင်း မေတ္တာဟာ သိပ်ကို လှပကြီးကျယ် ခဲ့ပါတယ်။ မိသားစု လေးယောက်လာခဲ့ပြီး
နောက်ဆုံးတယောက်ထဲ ကျန်ခဲ့တဲ့ အဲ့ဒီ့အမေ ကိုဗစ်ကို အောင်နိုင်ပြီး ဆေးရုံဆင်းသွား ခဲ့ပါတယ်။
ကိုဗစ်ဟာ မာယာများသလို သိပ်ကို ကြောက်စရာကောင်းတယ်ဆိုတာ
လက်တွေ့ ကြုံတွေ့ခဲ့ရသူမို့ စနစ်တကျ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါလို့ မှာပါရစေ။
Khin Thuzar Nwe
zawgyi
လူ ေလးေယာက္ပဲ ရွိတဲ့ မိသားစုမွာ သုံးေယာက္ကို ဆြဲေခၚသြားတဲ့ ကိုဗစ္ရဲ႕ ေၾကာက္စရာ ေကာင္းပုံ
ေဆး႐ုံတတ္ခဲ့တဲ့ ရက္ ၂၀ မွာ မ်က္ဝါးထင္ထင္ ျမင္ခဲ့ရတာ ကိုဗစ္ဟာ သိပ္ေၾကာက္စရာေကာင္းတယ္ ဆိုတာပါပဲ။
လူငယ္/လူႀကီးမေ႐ြး မ်က္စိေရွ႕တင္ တျဖဳတ္ျဖဳတ္ ေႂကြလြင့္သြားၾကတာ ဝမ္းနည္းစရာေကာင္းလိုက္တာေလ။
သားအမိ သားအဖ ေလးဦး ေအာက္ဆီဂ်င္က်လို႔ ေဆး႐ုံကိုေရာက္လာတာ လမ္းေလွ်ာက္ၿပီး လာခဲ့ၾကတာ
ေအာက္ဆီဂ်င္က်ေနေပမယ့္ မ်က္ႏွာေတြ႐ႊင္႐ႊင္လန္းလန္းနဲ႔ အခန္းထဲအတူတူေနရေတာ့
စိတ္ခ်မ္းသာေနၾကပုံပါပဲ။ ေငြေၾကးလည္းေျပလည္သူေတြဆိုတာ ၾကည့္တာနဲ႔သိေနရတယ္။
သူတို႔ေတြ ေဆး႐ုံေရာက္ၿပီး ၂ ရက္ေျမာက္မွာ အေဖရယ္ သားရယ္ သမီးရယ္ သုံးေယာက္ဟာ ႐ုတ္တရက္
ဆီးခ်ိဳေတြျမင့္တက္လိုက္ ေအာက္ဆီဂ်င္ level ထိုးက်လိုက္နဲ႔ ျဖစ္တာ ျဖစ္တာေလ။
PPE ေတြဝတ္ၿပီး ကုသမႈေတြ ဆက္တိုက္ လုပ္ေပမယ့္ ေနာက္တရက္မွာ သူတို႔ ၃ ေယာက္လုံး
အေျခအေနမေကာင္းေတာ့ပါဘူး ဘာေရာဂါ အခံရွိလဲေတာ့ ကိုယ္လည္း မသိပါဘူး။
က်န္ေနတဲ့ အေမတေယာက္က ေကာင္းေနတာမို႔ သူကို႔ တျခားအခန္းေ႐ြ႕လိုက္ၿပီး သိပ္မၾကာခင္မွာပဲ
က်န္၃ေယာက္လုံး ဟာ ေသဆုံးကြယ္လြန္ သြားပါေတာ့တယ္ ရင္ထဲ ထိခိုက္လိုက္တာ မ်က္ရည္ပါက်ရပါတယ္။
တေယာက္တည္းက်န္ခဲ့တဲ့ အေမဟာ အိပ္ယာထဲ ဘုန္းဘုန္းလဲေတာ့တာ ဘယ္သူနဲ႔မွ ဘာစကားမွမေျပာ
ဘာမွမစားနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာ လုံးဝနလန္မထူေတာ့ အဲ့ဒီ့ေနရာမွာ ဆရာဝန္ေတြကို
ေလးစားရပါတယ္ ဘာေရာဂါအခံမွမရွိသူ ဆြဲေခၚရင္ပါ့မယ္သူဆိုတာ သူတို႔ သိတဲ့ပုံပါပဲ။
အဲ့ဒီ့အေမ့ကို ဝိုင္းဝန္းၾကတာ ေဘးကမ်က္ရည္ၾကရတယ္ တကယ့္ေသြးသားရင္းလို ထမင္းပါခြံ႕ေကြၽးတဲ့
လူသားအခ်င္းခ်င္း ေမတၱာဟာ သိပ္ကို လွပႀကီးက်ယ္ ခဲ့ပါတယ္။ မိသားစု ေလးေယာက္လာခဲ့ၿပီး
ေနာက္ဆုံးတေယာက္ထဲ က်န္ခဲ့တဲ့ အဲ့ဒီ့အေမ ကိုဗစ္ကို ေအာင္ႏိုင္ၿပီး ေဆး႐ုံဆင္းသြား ခဲ့ပါတယ္။
ကိုဗစ္ဟာ မာယာမ်ားသလို သိပ္ကို ေၾကာက္စရာေကာင္းတယ္ဆိုတာ
လက္ေတြ႕ ႀကဳံေတြ႕ခဲ့ရသူမို႔ စနစ္တက် ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ၾကပါလို႔ မွာပါရေစ။
Khin Thuzar Nwe