ဗဟုသုတ

မိဘတွေကအလိုလိုက်ပြီးတော့ တစ်ရက် (၁၀) နာရီကြာအောင် ဖုန်းဂိမ်းပေးကစားခိုင်းမိတဲ့ ကိုးနှစ်သားကလေးရဲ့အဖြစ်

အသက်(၉)နှစ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်ရက်ကို (၉)နာရီကြာ ဂိမ်းကစားလေ့ရှိတာကြောင့် အခုဆိုရင် သူ့မျက်လုံးတွေက Cross-Eyed ဖြစ်နေပါပြီ။ မျက်ဆံအမည်းတွေဟာ ပုံမှန်အလုပ်လုပ်ရမယ့်အစား၊ အလည်မှာတည့်တည့် လာစုနေတာပါ။ ဒီကောင်လေးဟာ

ပေါက်ဖော်တို့နိုင်ငံ၊ Hefei ဇာတိဖြစ်ပြီး၊ သူ ဂိမ်းဆော့တဲ့သက်တမ်းက သိပ်မကြာသေးပါဘူး။ သူဟာ နွေရာသီကျောင်းပိတ်ရက်မှာဖုန်းကို အလွန်အကျွံစွဲလမ်းခဲ့တာဖြစ်ပြီး၊ အဲဒီအတောအတွင်းမှာ ဂိမ်းကိုအရူးအမူး ကစားခဲ့တာပါ။ ဒါပေမယ့် မိဘတွေကတားမြစ်ဖို့ပျက်ကွက်ခဲ့ပါတယ်။

သူတို့သားဟာအခုမှဖုန်းစကိုင်တာဖြစ်လို့၊ တဖြည်းဖြည်းပြောလည်းရတယ်လို့ တွေးမိကြလို့ပါ။ ဒါပေမယ့် ကလေးဟာမျက်လုံးတွေလည်သလိုလို၊ စွေသလိုလို ဖြစ်လာခဲ့တာကို သူတို့ထိတ်လန့်စွာ သတိထားလိုက်မိပါတယ်။ ဒေါက်တာနဲ့ ပြသစဉ်မှာ ဒေါက်တာကတစ်ပတ်လောက်

ဖုန်းမဆော့ဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကောင်လေးက မရပ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဖခင်ဖြစ်သူက သားကိုပိုအလိုလိုက်သူမို့ တစ်ခြားနည်းနဲ့ ကုသလို့မရဘူးလားမေးတော့၊ ဒေါက်တာက မဟုတ်ရင် မျက်လုံးကွယ်နိုင်တယ်လို့ ပြောခဲ့ပါသတဲ့။ ကောင်လေး ခံစားနေရတဲ့ရောဂါဟာ

Myopia nearsightedness ဖြစ်ပြီး၊ သူ့အခြေအနေ တိုးတက်ဖို့ ဒေါက်တာတွေ ဘယ်လိုကုမလဲဆိုတာ စိတ်ဝင်စားစရာပါ။ သူ့ကို မိဘတွေက ဖုန်းမသုံးနိုင်အောင် တားဆီးနိုင်လေမလား၊ ဒါမှမဟုတ်၊ ကောင်လေးကခေါင်းမာစွာပဲဆက်ပြီး

ဆိုးနေဦးမလားဆိုတာတော့ သူ့ အနာဂတ်အပေါ် မူတည်နေပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်

ယူနီကုဒ်ဖြင့် ဖတ်ရန်

Credit.to