ကန္ေဒၚလာ သန္း ၆ဝဝ ေက်ာ္တန္ဖိုးရွိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၁၇ ခုကို ႏွစ္လအတြင္း ခြင့္ျပဳခဲ့ ( အလုပ္အကုိင္ အခြင့္လမ္းေပါင္း ၁၃၉၁၈ ဦး အလုပ္ေပးနုိင္မွာဆုိေတာ့ မဆုိးဘူးလုိ့ေျပာရမွာေပါ့…)
*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။
၂ဝ၂ဝ ျပည့္ႏွစ္ စက္တင္ဘာႏွင့္ေအာက္တိုဘာႏွစ္လအတြင္း အေမရိကန္ေဒၚလာ သန္းေပါင္း ၆ ဝဝ က်ာ္ရင္းႏွီးျမႇဳပ္ႏွံမည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၁၇ ခုကို ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ခြင့္ျပဳခဲ့သည္။
ယင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားမွာ စက္မႈက႑၊ အိမ္ရာအေဆာက္အအုံက႑၊ ဟိုတယ္ႏွင့္ခရီးသြားက႑၊ ေမြးျမဴေရးက႑၊စိုက္ပ်ိဳးေရးက႑ႏွင့္ အျခားဝန္ေဆာင္မႈက႑တို႔မွ စုစုေပါင္းလုပ္ငန္း ၁၇ ခုျဖစ္သည္။
စက္တင္ဘာလအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမႇင့္ျခင္းအပါအဝင္ အေမရိကန္ေဒၚလာ ၅ဝ၇ ဒသမ ၁၅၉ သန္းႏွင့္ ေအာက္တိုဘာလ အတြင္းရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမႇင့္ျခင္းအပါအဝင္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၁၁၇ ဒသမ ၆၈၁ သန္း စုစုေပါင္းအေမရိကန္ေဒၚလာ ၆၂၄ ဒသမ၈၄သန္းခြင့္ျပဳေပးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ ေဖာ္ျပခ်က္အရသိရသည္။
ထို႔ျပင္ စက္တင္ဘာလအတြင္းရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမႇင့္ျခင္းအပါအဝင္ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈ တန္ဖိုးက်ပ္ (၁၆၈၉၇၇ ဒသမ ဝ၈၇) သန္းႏွင့္ေအာက္တိုဘာလအတြင္းရင္းႏွီးျမႇဳပ္ႏွံမႈတိုးျမႇင့္ျခင္းအပါအဝင္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈ တန္ဖိုးက်ပ္(၆၂၉၆၂ ဒသမ ၃၁၉ ) သန္းစုစုေပါင္း က်ပ္(၂၃၁၉၃၉ ဒသမ၄ဝ၆) သန္းခြင့္ျပဳေပးခဲ့သည္။
ယင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားမွ ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္း ၁၃ဝ၂၄ ဦးႏွင့္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားမွျပည္တြင္း အလုပ္အကိုင္အခြင့္အလမ္း ၈၉၄ ဦး စုစုေပါင္း ၁၃၉၁၈ ဦး တို႔ကိုအလုပ္ အကိုင္ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။
MyanmarTimes
ယူနီကုတ္
ကန်ဒေါ်လာ သန်း ၆ဝဝ ကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇ ခုကို နှစ်လအတွင်း ခွင့်ပြုခဲ့ ( အလုပ်အကိုင် အခွင့်လမ်းပေါင်း ၁၃၉၁၈ ဦး အလုပ်ပေးနိုင်မှာဆိုတော့ မဆိုးဘူးလို့ပြောရမှာပေါ့…)
၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာနှင့်အောက်တိုဘာနှစ်လအတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၆ ဝဝ ကျာ်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇ ခုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည်။
ယင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊စိုက်ပျိုးရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ စုစုပေါင်းလုပ်ငန်း ၁၇ ခုဖြစ်သည်။
စက်တင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် အမေရိကန်ဒေါ်လာ ၅ဝ၇ ဒသမ ၁၅၉ သန်းနှင့် အောက်တိုဘာလ အတွင်းရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၆၈၁ သန်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၆၂၄ ဒသမ၈၄သန်းခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဖော်ပြချက်အရသိရသည်။
ထို့ပြင် စက်တင်ဘာလအတွင်းရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျပ် (၁၆၈၉၇၇ ဒသမ ဝ၈၇) သန်းနှင့်အောက်တိုဘာလအတွင်းရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျပ်(၆၂၉၆၂ ဒသမ ၃၁၉ ) သန်းစုစုပေါင်း ကျပ်(၂၃၁၉၃၉ ဒသမ၄ဝ၆) သန်းခွင့်ပြုပေးခဲ့သည်။
ယင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁၃ဝ၂၄ ဦးနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၈၉၄ ဦး စုစုပေါင်း ၁၃၉၁၈ ဦး တို့ကိုအလုပ် အကိုင်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
MyanmarTimes