ဗဟုသုတ

“ကျနော်တို့ ရွှေမြန်မာတွေ ဘယ်လိုဖြစ်ကုန်ကြပြီလဲ….ထန်းလျက်တောင် အတုချက်နေကြပြီတဲ့ဗျာ…”

မြန်မာနိုင်ငံတွင် ထန်းလျှက်အထွက်ဆုံးမြို့၌ ထန်းလျှက် အတုများ ချက်လုပ်ရောင်းချ​နေခြင်း

မြန်မာနိုင်ငံ၏ ထန်းလျက်အများဆုံးထွက်ရှိသည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရှိသော ရေစကြိုမြို့တွင် ထန်းတတ်သူအလွန်နည်းပါးလာသောကြောင့် ယခုနှစ်အတွင်းတွင် ထန်းလျက်အတုများကို ချက်လုပ်ရောင်းချလာလျက်ရှိသည်ဟုသိရသည်။

ထန်းလျက်အတုများကို ထန်းလျက်အစစ်များနှင့်ရော၍သော်လည်းကောင်း ရောင်းချလျက်ရှိသည်ဟုသိရသည်။

ထန်းလျက်အစစ်ချက်လုပ်ရာတွင် ထန်းရည်ချိုကို ချက်လုပ် သည်ဖြစ်သော်လည်း ထန်းလျက်အတုချက်လုပ်ရာတွင် ကြံသကာအရည်(အကျရည်)ကိုထည့်ကာ ကြံသကာရည်ကို ၃ပိသာလောက်ထည့် သီးသန့်ကြိုပြီးရင်ထန်းရည်ချိုအုန်းမှုတ်တစ်မှုတ်ထည့် ဂျုံမှုန့် ၅၀သားလောက်ထည့် ထန်းလျက်အစိုအက ၂ ပိသာလောက်ထည့် ထက်၀က်ရောပစ်လိုက်တဲ့သဘောပေါ့

ဆီ ဟင်းစားဇွန်းနဲ့တစ်ဇွန်းလောက်ထည့် တချို့က ဆန်မှုန့်လည်းထည့်ကြတယ် ဘာလို့လဲဆိုတော့ မြန်မြန်ခြောက်လွယ်အောင်လို့ စိုနေတဲ့ဓါတ်ကို စုပ်အောင်လို့ထည့်ကြတာ နောက်ပြီးတော့ ချွတ်ဆေးထည့် (လက်ဖက်ရည်ဇွန်း နှစ်ဇွန်းသုံးဇွန်းလောက်ထည့်)ပြီးတော့ဖိုပေါ်မှာတင်မီးနဲ့ထိုးချက် မွှေ ပြီးတော့ အောက်ချပြီးတော့လုံးရပါတယ်” ဟု အမည်မဖော်လိုသူ ထန်းလျက် အတု ချက်သူ တစ်ဦးထံကသိရသည်။

မွှေပြီးတော့ ချကောင်းပြီဆိုရင်ချ ပြတ်ပြီဆိုရင် လုံးရတာ တို့ဟူး ကျိုသလိုပေါ့ ဖိုပေါ်မှာတင် ‘ရင့်’တော့မှ အောက်ချပြီး လုံးရတာ ရိုးရိုးထန်းလျက် တစ်ချော့ ( ထန်းလျက်တစ်ချော့ လျှင် ပျမ်းမျှ ၁နာရီခွဲကြာသည် ) လောက်ဆိုရင် ထန်းလျက် အတု က ၄ ခါလောက် ချနေရပြီ အချိန်သိပ်လည်းမကြာဘူး တစ်ဒယ်ကို ဖျာတစ်ဖျာလောက်ရတယ် ဖျာတွေပေါ် လုံးတင် တာ ဆိုတော့ အားလုံးပေါင်း ၆ ပိသာလောက်တော့ရှိမှာပေါ့ “ ဟု ထန်းလျက်အတုချက်လုပ်သူ အလုပ်သမားတစ်ဦးက ပြောပြသည်။

ထည့်တဲ့ပစ္စည်းတွေက ထန်းရည်ချိုလိုမှ အရည်ချည်းတိုင်း မဟုတ်တော့ တော်တော်လေးနံတယ် အနှစ်ချည်းတိုင်း မွှေရတော့ ကျွမ်းစော်တွေ တူးစော်တွေနံတာပေါ့ အဲ့အနံ့တွေနဲ့ ရောဂါရတယ် သတ္တုဒယ်ဆိုရင်မရဘူး တစ်ချော့ထဲနဲ့ ဖင်ကျွန်ကျတယ် သံဒယ်မှ ရတာ “ဟု ထန်းလျက် အတု ချက်လုပ်သူတစ်ဦးကဆိုသည်။
ထန်းသမားတို့သည် ထိုင်းနိုင်ငံ မလေးရှားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြပြီး ထန်းလျက်စျေးမှာ ယခင်က တစ်ပိသာလုံးလျှင် ၄၀၀ ကျပ် စျေးနှုန်း ရှိခဲ့ သော်လည်း ယခု ထန်းတက်မယ့် ထန်းသမား ရှားပါးနေပြီး တစ်ပိသာ နှစ်ထောင်လောက်အနည်းဆုံး​ပေးရသည်ဟု သိရသည်။

လက်ဖဝါးတွေ လက်ဖမိုးတွေတွေကို အဖုတွေ အရည်ကြည် တွေပေါက်လို့ တူးခါးပြီးတော့ အငွေ့တစ်ထောင်ထောင်းနဲ့ ချက်ရတာ ချက်တာက ပိုက်ဆံလည်းသုံးရပါတယ် ဆေးကလည်း နေ့တိုင်းထိုးရပါတယ်

ညှော်တွေကလည်းတအားနံတာလေ ဒီနေ့ချက်လိုက်လို့ ၄ထောင်ကျော် ၅ထောင်ရတယ်ဆိုရင် ညနေဆို ဆေးက အမြဲတမ်း၀ယ်သောက်ရတယ် ခုနောက်ပိုင်းခေါ်လည်း သွားမချက်ဖြစ်တော့ဘူးဟု ထန်းလျက်အတု ချက်လုပ်ခဲ့ဖူးသူ တစ်ဦးကပြောသည်။

တပို့တွဲနှင့် တပေါင်းလတွင် အနု နုရစ်ဟုခေါ်ပြီး တန်ခူး ကဆုန်နယုံ တွင် ထန်းဖို ညှက်ရိုးဟု ခေါ်သည်။ ဝါဆို ဝါခေါင် တော်သလင်းတွင် ထန်းမ သီးရစ် ဟုခေါ်ပြီး ထန်းဖိုသည် ထန်းရည်ယိုသည့်လ များပြီး ထန်းမသည် ထန်းရည်ယိုသည့် လ နည်းသည်ဟု ထန်းတက်သူ တစ်ဦးထံကသိရသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ခန့်ကတည်းကပင် ထန်းပင်ထန်းတောများ ပေါများသဖြင့် မြန်မာနိုင်ငံအတွင်း လူသိများထင်ရှားသော ဦးမင်းကျော်(ကိုကြီးကျော်)၏ ထန်းရည်သောက်ရာ အရပ်ဒေသအဖြစ် နာမည်ကြီးသော ရေစကြိုမြို့နယ်၏ ထန်းတောကြီးများတွင် ထန်းပေါ်ချိန် များတွင် ထန်းလျက်အစစ်များ ချက်လုပ်ရောင်းချနေကြ သော်လည်း ယခုအခါ အချိန်မရွေး ချက်လုပ်နိုင်သည့် ထန်းလျက် အတုများကို ထန်းသမားမဟုတ်သည့် အချို့သော သူများမှ ချက်လုပ်ရောင်းချကြောင်းသိရသည်။
..
credit : #winhlaingoo