News

“သားအမိ (၂) ယောက်ထဲရှိပြီး သမီးဖြစ်သူက ကျောက်ကပ်ရောဂါ အခြေနေဆိုးနေလို့ မိခင်က အကူအညီတောင်း”

အားလုံးပဲမင်္ဂလာပါရှင်

ကျောက်ကပ်အစားထိုးနိုင်ရန်ဆက်လက်ဝိုင်းဝန်းကူညီလှူဒါန်းပေးကြပါအုံးရှင်

မနှင်းယုခိုင် အသက်(၂၈)

LL.B(Law) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်,(သန်လျင်)တွင်ဘွဲ့ရရှိခဲ့ပြီး ဆယ်တန်း Guide Teacher/ဘော်ဒါအဆောင်မှူးအဖြစ်လုပ်ကိုင်ခဲ့ပြီး အမေနဲ့သားအမိ၂ယောက်ထဲရှိပါတယ်

ဒါက ကျန်းမာရေးကောင်းစဉ်က ပုံလေးပါ

သွေးတိုးကြောင့်ကျောက်ကပ်ပျက်စီးပြီးကျောက်ကပ်ဆေးနေသည်မှာ ၃နှစ်ရှိပြီး

ယနေ့အထိ အခက်အခဲများစွာ၊ စိုးရိမ်ပူပန်မှုများစွာဖြင့်ကျောက်ကပ်ဆေးနေရသူဖြစ်ပါတယ်ရှင်

သမီး၏ လက်သွေးကြောများသည် သေးငယ်ပြီးရှုပ်ထွေးပါတယ်။ ဘယ်ဖက်လက်အကြောမွေးပြီးဆေးခဲ့တဲ့ ၁နှစ်ကျော်မှာ အဆင်မပြေမှုများကြောင့် ကျောက်ကပ်ဆေးရန်မွေးထားတဲ့သွေးကြော ပြတ်သွားခဲ့ပါတယ်

ကျောက်ကပ်ဆက်ဆေးရန် အဆင်မပြေတော့ညာဘက်လက်ကိုထပ်မံ အကြောမွေးခဲ့ရပါတယ် အကြောမှာအောင်မြင်သော်လည်းသွေးကြောသေးပါသောကြောင့်
ကျောက်ကပ်ဆေးတိုင်း ခက်ခဲနေရပါတယ်

အချိန်မရွေးသမီးအတွက်အသက်အန္တရာယ်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါတယ်

သင့်တော်သောကျန်းမာရေးကောင်းမွန်နေသေးသည့်အချိန်တွင်အမြန်ဆုံးအစားထိုးနိုင်ရန် လိုအပ်နေပါသဖြင့်ကျောက်ကပ်အစားထိုးနိုင်ရန် သမီးမျှော်လင့်ချက်လေးကို အသက်ဆက် ကူညီလှူဒါန်းပေးကြဖို့မေတ္တာရပ်ခံပါရစေရှင်

အလှူရှင်များအားလုံးကာလေန ဒါနံဒေဟိ – လိုအပ်တဲ့အချိန် လှူသင့်တဲ့အချိန်မှာ ပေးလှူတဲ့အတွက် ဖြစ်လေရာဘဝမှာ စည်းစိမ်လည်းပေါများပြီး အရွယ်သုံးပါးစလုံး လိုတဲ့အခါတိုင်း အချိန်မဆိုင်းဘဲ လိုတဲ့ပစ္စည်းကို အလွယ်တကူ ပေါပေါများများရသောကုသိုလ်ထူးကိုမတောင်းဘဲ ပြည့်ဝပါစေ

✔️အလှူရှင်များ ပရဟိတအဖွဲ့အစည်း. များ လှူဒါန်းလိုပါက

Ph no: 09764615052

Kpay/ wave money acc : 09764615052

KBZ : 11030111001782201(Hnin Yu Khine)

AYA : 0080201010064721

Hnin Yu Khine

CB : 0052600500029246

Hnin Yu Khine

Ph no: 09780487650

Kpay/ wave money acc : 09780487650

KBZ : 11030111001791801

Yee Yee Khine(မိခင်)

AYA : 0198201010098757

Yee Yee Khine(မိခင်)

CB : 0052600500047295

Yee Yee Khine(မိခင်) — feeling hopeful.