ဗဟုသုတ

“ကြေကွဲဖွယ် တိုက်ဆိုင်မှုများနှင့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အပြင်ဘက်ကို ဆေးမသုတ်ရတဲ့ အကြောင်းအရင်း”

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ (Convocation Hall ) အပြင်ဘက်ကို ဘာ့ကြောင့် ဆေးမသုတ် ကြတာလဲ?????

✍️၁၉၆၂ ခုနှစ် တွင် ပထမတခါဆေးသုတ်ခဲ့သည်။

ထိုနှစ် 7 July တွင် ကျောင်းသားအရေးအခင်းဖြစ်ပြီး၊ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ Rangoon University Student Union (RUSU) အဆောက်အဦးကိုလည်း ဖျက်စီးပစ်ခဲ့၍ ကျောင်းသားအများအပြားကြွေလွင့်ခဲ့ရသည်။

✍️ ထိုနောက် ၁၃နှစ်အကြာ ၁၉၇၅ ခုနှစ်တွင် ဒုတိယအကြိမ်ထပ်၍ ဆေးသုတ်ခဲ့သည်။ထိုအကြိမ်တွင် ဦးသန့် အရေးအခင်း နှင့် ပတ်သက်၍ ကျောင်းသားများ ဖိတ်ဆင်ခဲ့ပြီး လူထုအုံကြွမူတခု ဖြစ်ခဲ့ပြန်သည်။

✍️ထိုနောက် မယုံတဝက်ယုံတဝက်နှင့်တိုက်ဆိုင်မူ တခုသာသဘောထားပြီး နောက်ထပ် ၁၃ နှစ်အကြာ …၁၉၈၈ ဖေဖော်ဝါရီလ တွင် တတိယအကြိမ်ဆေးထပ်သုတ်ခဲ့ ကြသည်။ဤတွင်လည်း ရှေးကနည်းတူ လူထုအုံကြွ ကျောင်းသားအရေးအခင်းကြီးထပ်ဖြစ်ကာ ကျောင်းသားများအသက်စတေးခဲ့ရလေသည်။

တိုက်ဆိုင်မူ တခုလား ????

✍️ ယုံချင် ယုံ မယုံချင်နေ ပါ သို့ ပေ မယ့်နှစ်ကြိမ်မြောက် ဖြစ်ပျက်ခြင်းကို တိုက်ဆိုင်မူ ဟု ခေါ်သော်ငြားလည်း သုံးကြိမ်မြောက်သွေးထွက်သံယို နှင့် ရှေးကအဖြစ်အပျက်နည်းတူ မြန်မာ့နိုင်ငံရေး ကို ကြီးမားစွာ ပြောင်းလဲခြင်းကို တော့ လက်မခံ၍ မရတောပေ။

?ထိုအချိန်မှစတင်ကာ ကျောင်းမှတာဝန်ရှိသူတို့သည်ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ မှလွဲ၍ ကျောင်းတဝန်းလုံးရှိအဆောက်အဦးမှန်သမျှကိုသာဆေးသုတ်ခြင်းများသာ ပြုလုပ်ကြတော့သည်။

?(နောက်ထပ်လည်း မစမ်းသပ်သင့်‌ပေ)

?ဘယ်လိုပဲ ဖြစ်ဖြစ် ဆေးမသုတ် ပဲ မူလအတိုင်းထားရှိသော ရန်ကုန်တက္ကသိုလ်(Convocation Hall )သည်ပို ၍တည်ငြိမ် ရင့်ကျက် ခန့်ငြားမူရှိသော သဘောကို ဆောင်‌ နေသည်ဟုထင် မြင်မိပါသည်။

✍️တို့ အတူ ဆေးသုတ်ခြင်း မသုတ်ခြင်းထက် အနာဂတ်ရဲ့ အားကိုးရမည့် မျိုးဆက်သစ် လူငယ်များကို အမြဲတန်းထာဝရ မွေးထုတ်ပေး နေ မှာ ဧကန် မလွဲ ဖြစ်ပါတော့သည်။

Credit…Old but Gold.

Credit… Original photo.