?? ယူကေနိုင်ငံဟာ ?? အမေရိကန်ကုမ္ပဏီ Pfizer နဲ့ ?? ဂျာမန်ကုမ္ပဏီ BioNTech တို့ရဲ့ ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါတယ်။
“The government has today accepted the recommendation from the independent Medicines and Healthcare products Regulatory Agency (MHRA) to approve Pfizer-BioNTech’s COVID-19 vaccine for use,” the government said.
?? ယူကေနိုင်ငံမှာ FDA မရှိပဲ Medicines and Healthcare products Regulatory Agency (MHRA) ဆိုတဲ့ ဆေးနဲ့ကျန်းမာရေးပစ္စည်းစည်းကမ်းထိန်းသိမ်းရေးအေဂျင်စီဆိုတာ ရှိပါတယ်။
ဒီနေရာမှာထူးခြားချက်က #အခြားနိုင်ငံမှာထုတ်တဲ့ကာကွယ်ဆေးကို ယူကေနိုင်ငံမှာ အသိအမှတ်ပြုတဲ့အချက်ဖြစ်ပါတယ်။
ကိုယ့်နိုင်ငံထဲမှာ ဘယ်လောက်ခွင့်ပြုသည်ဖြစ်စေ #အခြားနိုင်ငံမှာခွင့်ပြုချက်မတင်ရဲရင် ကိုယ့်ငါးချဉ်ကိုယ်ချဉ်တဲ့အဆင့်ပဲရှိပါတယ်။
ဒါ့ကြောင့် Pfizer/BioNTech ရဲ့ကာကွယ်ဆေးဟာ #ကမ္ဘာ့အဆင့်မီအဖြစ်ပထမဆုံးအသိအမှတ်ပြုခံရတဲ့ သဘောဖြစ်ပါတယ်။
အခုယူကေအစိုးရကခွင့်ပြုလိုက်ပြီဆိုတော့ နောက်အပတ်ကစပြီး ယူကေနိုင်ငံမှာစတင်ထိုးနှံပေးနိုင်ပါပြီ။
Richard Myo Thant
2-December -2020
(စာကိုကူးယူသူများ Page လင့်လေးပါထည့်သွင်းကူးယူပေးဖို့ မေတ္တာရပ်ခံပါတယ်။)