News

“တောင်သူတွေရဲ့ အကြွေးတွေကို လျှော်ပေးခဲ့ပြီးနောက် ထီ သိန်းတစ်သောင်းခွဲဆုကြီး ပေါက်ခဲ့သူ”

သာဓု သာဓု သာဓု

ယခုလသိန်း(၁၅၀၀၀)ပေါက်တဲ့သူဟာ ထီမပေါက်ခင်ကတည်းက တောင်သူများအပေါ် ရစရာရှိတဲ့ အကြွေးတွေကို လျှော်ပေးခဲ့သူ တစ်ဦးပါ

တောင်သူတွေဆီက ရစရာရှိတဲ့ အကြွေးတွေ ပေးစရာမလိုတော့ကြောင်း သူ့အကောင့်မှာ ခုလို တင်ထားတာကို တွေ့ရပါတယ်

COVID ကာလ တောင်သူဦးကြီးများ၏ အခက်အခဲကို စာနာသောအားဖြင့် ကျွန်တော်များ ပဲခူးမြို့ အရောင်းဆိုင်မှ ကိုယ်ပိုင်အကြွေးရောင်းချထားသော လယ်ယာသုံးထွန်ကိုင်းဒီဇယ် / ဓာက်ဆီအင်ဂျင်အပိုပစွည်းများအတွက် ပဲခူးဆိုင်သို့ ပေးသွင်းရန် ကြွေးမြီများအား လုံး လုံးဝ( လုံးဝ)ပေးသွင်းရန် မလိုတော့ပါကြောင်းနှင့်

မရှိမဖြစ်လိုအပ်သော အရည်အသွေးကောင်း စက်နှင့် အပိုပစ္စည်းများကိုလဲ စက်ဆရာများ တောင်သူဦးကြိးများအား အမျိုးမှန် စျေးမှန်စွာဖြင့် ပြန်လည် ဝယ်ယူအားပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်(ကြွေးဟောင်းဆပ်ရန်မလိုတော့ပါ)” ဆိုပြီး တင်ထားတာဖြစ်ပါတယ်…

ကံထူးရှင် ဦးစိုးဦးဟာ ပဲခူးမြို့ကဖြစ်ပြီး တောင်သူတွေအတွက် လိုအပ်တဲ့ လယ်ယာသုံးပစ္စည်းတွေ ရောင်းချသူဖြစ်ပါတယ်

စေတနာက အကျိုးပေးတယ်ဆိုတာ ဒါပါပဲဗျာ…စိတ်ထားကောင်းလို့ ကံကောင်းတာပေါ့

ကံထူးရှင်ဟာ ၂၂ ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆုကို ဂ- ၄၇၇၄၀၆ နံပတ်နဲ့ ကံထူးခဲ့တာဖြစ်ပြီ: တစ်လကို ထီ ၄- ၅ သိန်းဖိုးထိုးတယ်လို့သိရပါတယ်…

Source : Soe Oo (FB)