News

“ကိုဗစ်ရောဂါကို ကာကွယ်နိုင်မယ့် နှာခေါင်းအတွင်းဖျန်းဆေးကို တီထွင်နေပြီ”

UPen နဲ့ Regeneron က သိပ္ပံပညာရှင်တွေဟာ ? gene therapy နည်းပညာနဲ့ COVID-19 ကိုကာကွယ်တဲ့ nasal spray နှာခေါင်းအတွင်းဖျန်းဆေးကို ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

သူ့သဘောကတော့ ကာကွယ်ဆေးသဘောပါပဲ။

အားပျော့ပြီးလူကိုဒုက္ခမပေးနိုင်တဲ့ ? ဗိုင်းရပ်စ်ကို လူရဲ့နှာခေါင်းနဲ့လည်ချောင်းထဲကိုပို့ဆောင်းပေးလိုက်ဖို့ပါ။

အဲ့ဒီမှာလူဟာနှာခေါင်းနဲ့လည်ချောင်းထဲရောဂါကူးစက်သလိုမျိုးဖြစ်ပြီး ရောဂါပိုးကိုခုခံတဲ့ antibodies တွေထွက်လာစေမှာဖြစ်ပါတယ်။

ဒီလိုကာကွယ်နည်းပညာမှာအားသာချက်က ကိုယ်ခံအားကောင်းဖို့မလိုဘူးလို့ ဦးဆောင်သူ UPen က Professor James Wilson ကဆိုပါတယ်။

အကျယ်တဝင့်မပြောသွားပါ။

UPen (University of Pennsylvania ) ရော Regeneron ရောဟာ COVID-19 အတွက် gene therapy သုသေသနမှာ ထိပ်တန်းက သိပ္ပံပညာရှင်တွေရှိနေကြပြီး နာမည်ကြီးပါတယ်။

အခုနှာခေါင်းအတွင်းဖျန်းမယ့်ကာကွယ်ဆေးကို တိရိစ္ဆာန်တွေမှာ စမ်းသပ်နေပါတယ်။

အကယ်လို့အောင်မြင်ခဲ့ရင် dose တစ်ခုစာဖျန်းထားတာနဲ့ (၆) လအထိ COVID-19 က ကာကွယ်မှုပေးနိုင်ပါလိမ့်မယ်တဲ့။

နှာခေါင်ထဲပဲဖျန်းရဖျန်းရ #ဘယ်ပဲဖျန်းရဖျန်းရပါ မြန်မြန်သာရအောင်လုပ်ကြပါ။

ကိုဗစ်ကိုသာကာကွယ်မယ်ဆိုဖျန်းကြမှာမလား။

Richard Myo Thant

2-December -2020

(စာကိုကူးယူသူများ Page လင့်လေးပါထည့်သွင်းကူးယူပေးဖို့ မေတ္တာရပ်ခံပါတယ်။)