News

“ျမန္မာဘက္သို႔ ပို႔ေဆာင္မည့္ ေရႊေခ်ာင္းမ်ား နယ္စပ္တြင္ဖမ္းမိ”

ဒီဇင္ဘာ ၁/၂ဝ၂ဝ

ျမန္မာဘက္သို႔ တင္ပို႔မည္ က်ပ္ခ်ိန္ ၄ဝ၃ က်ပ္ရွိသည့္ ေရႊေခ်ာင္း ၂၈ ေခ်ာင္းကို ျမန္မာနယ္စပ္အနီးတြင္ ဘဂၤလာေဒ့ရွ္ နယ္ျခားေစာင့္တပ္က ဖမ္းမိခဲ့သည္ဟု ပါပဒါသတင္းတြင္ ေဖာ္ျပသည္။

၎ေရႊေခ်ာင္းမ်ား၏ တန္ဖိုးမွာ တာကာ ၃ ကုေဋ ၂ သိန္း၊ ၂ ေသာင္း ငါးေထာင္ဖိုးရွိသည္ဟု ၎သတင္းတြင္ ေဖာ္ျပသည္။

ယမန္ေန႔ ညဥ့္အခ်ိန္ ျမန္မာနယ္စပ္အနီးရွိ ဘဂၤလာေဒ့ရွ္နိုင္ငံ၊ ဘင္ဒရိုဘင္ခရိုင္၊ နတ္ေက်ာက္သရီၿမိဳ႕နယ္၊ အာရွေတာ္လီတြင္ ရွိသည့္ ေနအိမ္တစ္အိမ္ကို ဝင္ေရာက္ရွာေဖြရာမွ ဖမ္းမိျခင္း ျဖစ္သည္ဟု ေျပာဆိုသည္။

အဆိုပါေဒသသည္ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းႏွင့္ ကပ္ရပ္တည္ရွိသည္။

၎ေရႊေခ်ာင္းမ်ားႏွင့္အတူ ေယာက္်ားျဖစ္သူ မူဟာမတ္ဖါ႐ုဒ္ႏွင့္ ဇနီးျဖစ္သူ မာရီယာေဘဂြန္တို႔ကို ဖမ္းဆီးမိခဲ့သည္ဟု ဆိုသည္။

Unicode –

မြန်မာဘက်သို့ ပို့ဆောင်မည့် ရွှေချောင်းများ နယ်စပ်တွင်ဖမ်းမိ

နိရဥ္စရာ၊ ဒီဇင်ဘာ ၁/၂ဝ၂ဝ

မြန်မာဘက်သို့ တင်ပို့မည် ကျပ်ချိန် ၄ဝ၃ ကျပ်ရှိသည့် ရွှေချောင်း ၂၈ ချောင်းကို မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းမိခဲ့သည်ဟု ပါပဒါသတင်းတွင် ဖော်ပြသည်။

၎င်းရွှေချောင်းများ၏ တန်ဖိုးမှာ တာကာ ၃ ကုဋေ ၂ သိန်း၊ ၂ သောင်း ငါးထောင်ဖိုးရှိသည်ဟု ၎င်းသတင်းတွင် ဖော်ပြသည်။

ယမန်နေ့ ညဉ့်အချိန် မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်သရီမြို့နယ်၊ အာရှတော်လီတွင် ရှိသည့် နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေရာမှ ဖမ်းမိခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

အဆိုပါဒေသသည် မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ကပ်ရပ်တည်ရှိသည်။

၎င်းရွှေချောင်းများနှင့်အတူ ယောက်ျားဖြစ်သူ မူဟာမတ်ဖါရုဒ်နှင့် ဇနီးဖြစ်သူ မာရီယာဘေဂွန်တို့ကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

နိရဥၥရာ၊