News

အမျိုးသမီး မွေးခါနီးမို့လို့ ငွေဘယ်လိုမှရှာမရပဲ ကြံရာမရ လုပ်မိတာပါ တဲ့

အမျိုးသမီး မွေးခံနီးမို့လို့ ငွေဘယ်လိုမှရှာမရပဲ ကြံရာမရ လုပ်မိတာပါ” တဲ့ မနက်စောစောပိုင်း ကြည့်မြင်တိုင် ထီးတန်းအိမ်ဘက်မှာ တိုက်ပေါ်ကခြေချော်ပြီးပြုတ်ကျတဲ့ ဖုန်းဝင်ယူတဲ့ သူ။ (ဆေးရုံမှာ ဆုံးသွားပြီလို့လဲ သိရ)

နောက်တစ်ယောက်က

“သားရယ် ဘဘလဲ ရှာနေတာပါပဲ။ အသည်းအသန်ရုန်းနေသလောက် ငွေလဲ မဝင်နေတာ ကြာပါပြီ။ ရိုးရိုးသားသားရှာနေသလောက် ပိုက်ဆံမ၀င်လာတော့ စိတ်ဓာတ်တွေလဲ ကျနေပါပြီ။ နောက်ဆုံးတအားငတ်လာပြီး ဒုက္ခရောက်လာရင်တော့ ကြံမိကြံရာ ဖြစ်တော့မလား မသိပါဖူးကွာ” တဲ့

တနေ့က လမ်းထွက်လျှောက်ရင်း အပြန်မှာ နှာခေါင်းယားလာလို့ အိမ်ကိုကားဌားရင်း စကားစပ်မိတဲ့ ဘကြီး။ဟိုးတစ်လောကလဲ ကိုယ့်ရှေ့မှာ ဆိုယ်ကယ်ခိုးလို့ မိသွားတဲ့ သူတစ်ယောက်။ တစ်ကိုယ်လုံးတုန်နေရင်း ငယ်သံပါအောင် အော်ငိုနေတာ

“ကျွန်တော့သမီးလေး ဆေးရုံတင်လိုက်ရလို့ပါဗျာ…မလုပ်ကြပါနဲ့…အမေရေ ကယ်ကြပါအုံးဗျာ…ကယ်ကြပါအုံးဗျာ…သမီးရေ ဖေကြီးဒုက္ခရောက်နေပြီ။ သမီးရေနဲ့” အာခေါင်ခြစ်ပြီး ယောက်ကျားအရင့်အမာကြီးက ထိုင်ငိုတာ ရဲတွေရော ဘေးကကိုယ်တွေပါ ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ကြောင်ကြ။ စခန်းကလဲ ချော့ပြီး ခင်ဗျားကို မဖမ်းဖူးဆိုပြီးချော့ခေါ်။

စစ်တော့ သူ့သမီးလေးဟာတကယ်လဲ ဆေးရုံတင်ထားရပြီး ငွေရှာမရတော့ လမ်းမှာတွေ့တဲ့ဆိုင်ကယ် တွန်းလာတာတဲ့ (မြို့နယ်ဥထောက် အသိကပြန်ပြောပြ) ကိုယ်တိုင်လဲ အဲ့နေ့က တစ်နေကုန် စိတ်မကောင်းနေမိ။ဒီကာလတွေမှာ ရှိတဲ့သူတွေက ရှိတာလေးတွေ ထုခွဲရောင်းချပြီး ဟန်မပျက်နေနိုင်ကြသေးပေမယ့် မရှိကြတဲ့သူတွေကြတော့

ကြံမိကြံရာ လုပ်ရင်း သူတို့စိတ်လေးတွေ အမှောင်ကျသွားမှာ တကယ်စိုးရိမ်မိတယ်။ဘဝဆိုတာကလဲ ပုံမှန်လှုပ်ရှား ရုန်းကန်နေရင်းနဲ့တောင် ပင်ပန်းတက်လာတာ ဆိုတော့ ဒီကပ်ဘေးကာလတွေ မြန်မြန်ပြီးဆုံးပြီး အခြေအနေတွေ မြန်မြန်တည်ငြိမ်ပါစေလို့သာ ဆုတောင်းမိရင်း…

သီဟဟိန်းထက်