ဗဟုသုတ

အရိမေတ္တယျမြတ်စွာဘုရားကို စောင့်ကြိုနေတဲ့ ရွာပျောက်ကြီး (သို့) ထွက်ရပ်ပေါက်များနေတဲ့ရွာ ဆိုတာ ဒါလား






ဒါမှမဟုတ်





အရမ်းထူးဆန်းပါတယ်







ကျောက်အမြောက်

ယမ်းထောင်းဆုံ

နတ်ရေကန်











မိတ်ဆွေတို့ရေ


(Unicode)

ရောက်ဖူးအောင်သွားကြပါဗျ

နောင်ပွင့်မယ့် အရိမေတ္တယျမြတ်စွာဘုရားကို စောင့်ကြိုနေတဲ့ ရွာပျောက်ကြီးဆိုတာ ဒါလား

ရွာကြီးကို နတ်ဖွက်ထားတဲ့နေရာ ဆရာမင်းသိင်္ခပြောတဲ့ ရှမ်းဘဲလားအရပ် ထွက်ရပ်ပေါက်များနေတဲ့ရွာဆိုတာ ဒါလား

စိတ်ဝင်စားစရာတွေ ထူးဆန်းဖွယ်ရာတွေ ပြည့်နှက်နေတဲ့ နေရာလေးပါ

ဒီအချိန်သွားရင် လမ်းကောင်းပါပြီ

ဒါမှမဟုတ်

ဆိုင်ကယ်လမ်း ပြီးချိန်အထိ စောင့်ကြပါ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် အောင်းပင်အုပ်စုမှာ ကျောက်မြို့ဟောင်းရှိတယ်

အိမ်ခြေပေါင်းတစ်သောင်း ကျောင်းပေါင်းတစ်ထောင်ပျောက်ကွယ်နေတယ်လို့ ဒေသခံတွေပြောစကားကြားရတယ်

ဒါ့အပြင် မြို့ဟောင်းဝင်ပြီဆိုရင်ဖြင့် ကွင်းထဲမှာခြေနင်းလိုက်ရင်လိုင်သံတွေကြားနေရတယ်

အရမ်းထူးဆန်းပါတယ်

ကွင်းဖြတ်ပြီးရင်တော့စေတီတစ်ဆူရှိတယ်

စူဌာမဏိဆုတောင်းပြည့်စေတီတဲ့

ပြီးတော့ကျောက်စေတီ ၂ ဆူပေါ်နေတာဆို့လို့

ခက်ခက်ခဲခဲသွားရောက်ဖူးမြော်ခဲ့တယ်

ကိုရင်ကြီးတစ်ပါးကိုလည်းဖူးတွေ့ခဲ့တယ်

မိုင်းသုန်ရွာကိုမြင်ရတဲ့မျှော်စင် ၂ ခု

ကျောက်အမြောက်

ယမ်းထောင်းဆုံ

နတ်ရေကန်

မြင့်မားလှတဲ့ကျောက်တံတိုင်းတွေ

နတ်ခြေယာတွေ တွေ့ခဲ့တယ်

သွားခဲ့တဲ့သူတွေကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရယ်

စိုက်ပျိုးရေးဌာနကရယ်

အောင်းပင်အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ကျမတို့ ပါတီဝင်တွေရယ်ပါ

သွားတဲ့ရည်ရွယ်ချက်က ကျောက်မြို့သွားတဲ့လမ်းလေးကိုဆိုင်ကယ်လမ်းဖောက်ရန်နှင့်

ကျောက်စေတီ ၂ ဆူဖူးမြင်ရဖို့ပါ

အသွားအပြန်ရယ် သွားကြည်တာရယ် ခြေကျင်လျှောက်တာ ၆ နာရီကြာပါတယ်

ဒီနေ့လူလည်းတော်တော်အီသွားတယ်

ဆိုင်ကယ်လမ်းလေးဖောက်ရင်တော့အဆင်ပြေသွားမှာပါ

မိတ်ဆွေတို့ရေ

ကျောက်မြို့ဟောင်းကိုအလည်လာဖို့ဖိတ်ခေါ်တယ်နော်

Khaing Khaing Win