News

“FB မှာ Live လွှင့်ရင်း 5000 တန်ကို မီးရှို့ပြခဲ့တဲ့ လင်မယားကို အရေးယူပြီ”

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက် နေ့လည် ၁ နာရီခန့်တွင် Biggest Shopping & Retail Page တွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှ Live လွှင့်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်လုပ်ထားသော မြန်မာကျပ်ငွေ ငါးထောင်ကျပ်တန် ငွေစက္ကူအား မသင့်မလျော်မီးရှို့ ပြမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ အခန်း(၁၆)၊ အပိုဒ်-၉၉(က) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ငွေစက္ကူများအား ဖြတ်တောက်ခြင်း၊

ဆုတ်ဖြဲခြင်း(သို့) အခြား တစ်နည်းနည်းဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းအောင်မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ထားသည်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသဖြင့် အဆိုပါ Biggest Shopping & Retail Page မှ Live လွှင့်၍ မီးရှို့ပြသူ ၂ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်နေ အမျိုးသားနှင့် ၎င်း၏ဇနီးတို့ဖြစ်ကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံတော်မှထုတ်ဝေထားသည့် ငွေစက္ကူအား မီးရှို့ဖျက်ဆီးသူ ၂ ဦးအား ဖော်ထုတ်အရေးယူ

ရဲဇာနည်