မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပျော်ကုန်းအုပ်စု မဲရုံအမှတ်(၂)မှာ မဲရုံတာဝန်ကျခဲ့တဲ့ မူလတန်းကျောင်းအုပ်ဆရာမကြီးကို ကြံ့ခိုင်ရေးပါတီက တရားစွဲထားတယ် လို့ ကာယကံရှင်ဖြစ်သူ ဆရာမကြီး ဒေါ်ခင်မာရီကweekly headlineဂျာနယ်ကို ပြောကြားသည်။
““ဖြစ်စဉ်က ကျွန်မတို့ ကြိုတင်မဲပေးတဲ့နေ့မှာ ဖြစ်တာပါ။ ကြိုတင်မဲပေးတဲ့နေ့က ကျွန်မက ကြိုတင်မဲပေးတဲ့နေရာကို ယူနီဖောင်း နဲ့ ကျွန်မ မဲရုံမှူးတာဝန်ထမ်းဆောင် ရမှာလေ။ ၈ ရက်နေ့မှာ။ အဲဒါ ကျွန်မယူနီဖောင်းနဲ့သွားလို့တဲ့။
ကျွန်မ ကို ယူနီဖောင်းဝတ်ပြီး မလျော်သြဇာ သုံးပြီး မဲဆွယ်ပါတယ်တဲ့။ ကျွန်မ ယူနီဖောင်း အစိမ်းအဖြူဝတ်လို့တဲ့။ အဲဒါတစ်ချက်။ နောက်တစ်ချက်က တော့ ကြိုတင်မဲ ရွာထဲမှာအိမ်တွေ ကို လိုက်ကောက်တဲ့အချိန်ကျတော့ ကျွန်မမဲဆွယ်နေပါတယ်ဆိုပြီး တိုင် ပါတယ်။ ကြိုတင်မဲထည့်တဲ့ နှစ်အိမ် ကို ကျွန်မလိုက်တယ်။ ကော်မရှင် ကရှေ့က ကျွန်မက နောက်ကပါ””ဟု လ(ခွဲ)ပေါက်အင်းမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီ က ဖြစ်စဉ်ကိုပြောသည်။
ယခုတရားစွဲဆိုထားသူမှာ ကြံ့ခိုင်ရေးမဲရုံကိုယ်စားလှယ် ဦးမြ ရွှေဆိုသူဖြစ်ပြီး ပျော်ဘွယ်မြို့နယ် တရားရုံးတွင် ရွေး/ကော်ပုဒ်မ ၆၁(က)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ယခုကဲ့သို့တရားစွဲဆိုခြင်း မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ လီဆယ်တိုင်ကြား ခြင်းသာဖြစ်ကြောင်း ဆရာမကြီးက ဆိုသည်။
““ကျွန်မကို သူတို့က လီ ဆယ်ပြီးတော့ မတရားတိုင်တာလေ။ ကျွန်မကို မတရား တရားစွဲတာလေ။ကျွန်မက ဘာမှလုပ်ထားတာမှ မရှိ တာ။ ကျွန်မ အဲဒီဖြစ်စဉ်တစ်ခုလုံးမှာ ရပ်/ကျေးကော်မရှင် တစ်ဖွဲ့လုံးလည်း ရှိတယ်။ အုပ်စုအုပ်ချုပ်ရေးမှူးလည်း ရှိတယ်။ ကျွန်မ ဘာမှမဲဆွယ်တာမရှိ ဘူး””ဟုဆိုသည်။
ကြံ့ခိုင်ရေးပါတီသည် ဆရာမကြီးအိမ်တွင် ငှားနေသူ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံ သူကို တရားစွဲချင်တာဖြစ်ပြီး မိမိကို စွဲခြင်းမှာ လီဆယ်စွဲဆိုခြင်းသာဖြစ် ကြောင်း ကာယကံရှင်ဖြစ်သူ ဆရာမ ကြီးကဆိုသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက် ပြီး ပေါက်အင်းကျေးရွာအုပ်ချုပ်ရေး မှူး ဦးဇော်ဇော်ကလည်း ယင်းနေ့ တွင် မည်သည့်ထူးခြားဖြစ်စဉ် ပြဿ နာမျိုးမှ မရှိခဲ့ကြောင်းweekly headline ကိုပြောကြားသည်။
““ဆရာမကြီးက ကြိုတင် မဲလာပေးတယ်။ မဲပေးတဲ့အချိန် ရောက်တော့ ၁၁ ခွဲလောက် ရွာထဲမှာ အသက် ၆၀ ကျော်တွေအတွက် outdoor လှည့်တယ်ပေါ့။ လှည့်တဲ့ အချိန်မှာ ကျွန်တော်ပါတယ် ကော်မ ရှင်ဥက္ကဋ္ဌပါတယ်။ ကော်မရှင်အတွင်း ရေးမှူးပါတယ်။ ကော်မရှင်အဖွဲ့ပါ တယ်။
ဆရာမကြီးက သူ့အိမ်ကိုသူ ပြန်တော့ လမ်းကြောင်းကတော့ ဒီလမ်းပဲပေါ့။ အဲဒီလိုဝင်လိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ကော်မရှင် အဖွဲ့က အရင်ရောက်တာပေါ့။ ကော် မရှင်အဖွဲ့ အရင်ရောက်တယ်။ ကျွန် တော်တို့ကတော့ မဲနဲ့ပက်သက်ပြီး ဥပဒေအတိုင်းပဲ ဆောင်ရွက်သွား တယ်။ အဲဒီထဲမှာတော့ ဆရာမကြီး သည် ဝင်စွက်ဖက်တာလည်းမရှိဘူး ပြုတာလည်းမရှိဘူးပေါ့။
ရှေ့က ကြိုတင်ရောက်တာလည်း မရှိဘူး။ အဲဒီတစ်အိမ်ပြီးတော့ နောက်တစ်အိမ် ဆက်သွားတော့လည်း ကျွန်တော်တို့ အဖွဲ့ပဲ အရင်ရောက်တယ်။ အဲဒီမှာ ဆရာမကြီးက ရောက်လာတယ်။ ရောက်လာတော့ ဆရာမကြီးက ကျွန်တော်တို့နဲ့အတူပေါ့။ ကျွန်တော် တို့ထက်တောင် တစ်မိနစ်လောက် နောက်ကျတယ်၊။ အဲဒီမှာ အဘိုးအ ဘွားတွေကိုမေးတယ်။
သူတို့ ကာယ ကံရှင်ကို ကျွန်တော်တို့ မဲပေးခိုင်း တယ်၊ အဲဒီနှစ်အိမ်ကိုမဲပေးခိုင်းပြီး တော့ ကျွန်တော်တို့ ရွာထဲမှာလှည့် တာကျတော့ ဆရာမကြီးတို့မပါဘူး ပေါ့။ အဲဒီနှစ်အိမ်မှာတော့ပါတယ်။ သူအဲဒီလို မဲဆွယ်တာပြုတာတွေ မရှိဘူး””ဟု အုပ်ချုပ်ရေးမှူး ဦးဇော် ဇော်က ဖြစ်စဉ်ကို ရှင်းပြသည်။
““တရားစွဲတာနဲ့ပတ်သက် ပြီး သူတို့ရဲ့ပုဂ်္ဂိုလ်ရေးပါ။ ဒါပေမယ့် ကျွန်တော်တို့ ပြောနိုင်တာတစ်ခုက တော့ အဲဒီနေ့မှာ ပြဿနာတစ်စုံ တစ်ရာမှ ဖြစ်တာမရှိဘဲ အေးရာအေး ကြောင်းဖြစ်တယ်ဆိုတာတော့ လုံးဝ အာမခံတယ်။ အဲဒီရက်မှာ ပြဿနာ မဖြစ်ဘူးဆိုတာလည်း လုံးဝတာဝန်ယူ တယ်။
ဒီကိစ်္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကော်မရှင်အဖွဲ့တွေက တော့ အမှန်ကို အမှန်အတိုင်းပဲ။ ဆရာမကြီးအပေါ်မှာရော တစ်ဖက် ပါတီအပေါ်မှာရော ချစ်ခြင်းမုန်းခြင်း မရှိဘူး။ အမှန်တရားကိုတော့ အမှန် တရားအတိုင်းပဲ ထွက်ပေးသွားမှာ”” ဟု ဦးဇော်ဇော်က ဆက်လက်ပြော ကြားသည်။
ဘချုပ်