Cele News

ဒါရိုက်တာစတီးလ်နဲ့ဖြူဖြူထွေးဆင်ခြင်နိုင်ဖို့ အတွင်းရေးမှူးသတိပေးပြီ

ဖြူဖြူထွေးနှင့် ဒါရိုက်တာ စတီးလ် သိစေရန်Secretary Career ကို ထည့်သွင်းရိုက်ကူးပြီး professionalism ကို နားမလည်ပဲ စော်ကားပုံဖော်ထားတဲ့ ကြေညာကို ကျွန်မ လုံးဝ ရှုံ့ချပါတယ်။

Secretary လို့ပြောလာရင် ဟိုးအရင် မြန်မာပေါကားများလက်ထက်ထဲက ဒီလို misconcept တွေနဲ့ တလွဲတွေရိုက်လာတာ မနဲတော့ပါဘူး။

ဒါတွေကို ပြန်ပြီးပြောချင်လို့ရယ်နဲ့ career ကို educate လုပ်ဖို့ ကျွန်မတို့မြန်မာနိုင်ငံအတွင်းရေးမှူးများအသင်း MyanmarProfessionalSecretaryAssociation(MPSA) ကို ဖွဲ့စည်းခဲ့ပြီးပါပြီ။

လုပ်ငန်းခွင်မှာ မသင့်တော်တဲ့ စကားလုံး အသုံးအနှုံးတွေ၊ ရိုင်းစိုင်းတဲ့အပြုအမူတွေကို ဘယ်လို secretary တယောက်မှမလုပ်ပါဘူး၊ လုပ်လို့လဲမရပါဘူး။

အနေအထိုင်အပြောအဆိုကအစ ဆင်ခြင်ပြီး သတိထားနေရတဲ့ Career ပါ။ကျွန်မနဲ့ သိတဲ့ အဖွဲ့အစည်း အသီးသီးက Secretary ပေါင်း အယောက် (၂၀)နဲ့ မနဲရှိပြီးတော့ ကျွန်မတို့ MPSA မှာတင်

ဟိုဟာမကြီးနဲ့များကွာပါ့” ဆိုတဲ့အသုံးဟာ Sexual harassment မြောက်ပါတယ်။member ပေါင်း အယောက် (၆၀) ကျော်ရှိတာ တစ်ဦးတယောက်မှ အခုလောက်ထိ ရိုင်းစိုင်းပြီး ဗရမ်းပတာဖြစ်တဲ့သူတွေ တယောက်မှ မပါပါဘူး။

Workplace harassment ပ ပျောက်ဖို့ လှုပ်ရှားကြတဲ့ခေတ်မှာ သားပြောမယားပြော ဒိုင်ယာလော့ခ်တွေဟာ အော်ဂလီဆန်နေပါပြီ။

အိုကြီးအိုမနဲ့ Secretary ဖြစ်ချင်သေးတဲ့ဆိုတာက ပါလိုက်သေးလို့ ကျွန်မတို့ Secretary မှာ အပျို၊ အအို၊ အသက်အရွယ် အပိုင်းအခြား မရှိသလို

အရည်အချင်းအပြည့်အဝနဲ့ လုပ်ကိုင်နေကြတဲ့ လေးစားရတဲ့ စီနီယာ Secretary ကြီးများ ဒီ video ကိုကြည့်မိပြီး စိတ်မကောင်းဖြစ်သွားမှာကို ကျွန်မစိတ်ပူပါတယ်။

အနုပညာကို ပညာရှင်လို မဖန်တီးနိုင်ရင် ဆက်မလုပ်ပါနဲ့။စားဝတ်နေရေး ခက်ခဲလို့ လုပ်မယ်ဆိုလည်း သူများကို မထိခိုက်ပါစေနဲ့။

ဒါကြောင့် ဒါရိုက်တာ စတီးလ်ရော ဖြူဖြူထွေးရော ဆင်ခြင်နိုင်ဖို့ ကျွန်မဒီနေရာကနေ သတိပေးပါရစေ။ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။

ကျွန်မ Secretary တစ်ဦးပါဖြစ်နိုင်ရင် Share ပေးစေချင်ပါတယ်။

Secretary Career ဟာ အခုလို အနှိမ့်ချခံ career တစ်ခု မဟုတ်ကြောင်း ပိုပြီးတွင်တွင်ကျယ်ကျယ်ပြောဖို့ လိုနေပါပြီ။သူတို့ရိုက်ထားတဲ့ ကြေညာ ပိုစ့်ပါ

တကယ့်လုပ်ငန်းခွင်မှာ အဲ့လောက်နှာဘူးကျတဲ့သူတွေမရှိပါဘူး။တင်ပါးကိုလိုက်ကြည့်ပြီး လက်ကိုစုပ်နေတာဟာ ဘာဖြစ်ချင်တာပါလဲ?ဟိုဟာမကြီးနဲ့များကွာပါ့” ဆိုတဲ့အသုံးဟာ Sexual harassment မြောက်ပါတယ်။ဘယ် Secretary မှ Colleagues ကို စာရွက်ပစ်ပေးပြီးပြောအောင် မရိုင်းပါဘူး။

တချို့က အသက်ကဖြင့်ကြီးနေပြီ Secretary လုပ်ချင်ကြတုန်းတဲ့” ကျွန်မ စီနီယာတွေ တကယ့်တော်ပြီး တကယ်ကိုဂုဏ်သိက္ခာပြည့်ဝတဲ့ Secretary ကြီးတွေအစား ကျွန်မ ခံပြင်းပါတယ်။Secretary ဆိုတာ အဲ့လို ပုံစံတွေနဲ့ ဖြစ်နေကြတဲ့သူတွေမဟုတ်ပါဘူး။

လုပ်ငန်းခွင်မှာမိတ္တူစက်ကို စောင့်ကန်တာက ဘယ်လိုမျိုးရိုးက ပေါက်ဖွားလာလို့ ဒီလောက်ရိုင်းပေးနေရတာလဲ သိချင်ပါတယ်။

အဲ့လောက်ထိ အိနြေ္ဒပျက်ဖို့မပြောနဲ့ အလျှင်လိုရင်တောင် မပြေးရလောက်တဲ့အထိ ကိုယ်အမူအရာကို ထိန်းသိမ်းရသူတွေပါဖိနပ်ချွတ်ထား ခါးထောက်ထားပြီး လာဦးလို့ ခေါ်နေတဲ့ပုံနဲ့ ဘယ် Secretary မှ မလုပ်ပါဘူး။ရိုင်းလွန်းပါတယ်။

ကြေညာဖြစ်ရင်ပြီးရော ရိုက်တဲ့အကွက်ပါ။ construction project တစ်ခုကို print ထုတ်ထားတဲ့ paper ပေါ်ကဟာကိုကြည့်ပြီး အပ်တဲ့ လုပ်ငန်းရှင် မမြင်ဖူးပါဘူး။

မိတ္တူဆွဲပေးရုံနဲ့ ဒီ project ကြီးကို secretary က ရအောင်စွမ်းဆောင်ပေးတယ်ဆိုတဲ့ Plot ကြီးက ဖြူဖြူထွေးနဲ့ရိုက်လို့ ဖြူဖြူထွေးကို ပေါတောတော Hero ဖြစ်ပေးရတယ်လိုပဲ မြင်ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။