News

အသက် ၁၀၀ ရှိပေမဲ့ ရွာလယ်လမ်းမကြီးကို တစ်ယောက်တည်း ချုံမြက်ရှင်းပေးခဲ့တဲ့အဘွား

စိတ်စေတနာကောင်းဆိုတာ အသက်ငယ်သည် ကြီးသည်မဟူ လူတိုင်းမှာ ထားနိုင်တဲ့ ရှိနိုင်တဲ့ လေးစားဖွယ်ချစ်ခင်ဖွယ် စိတ်လေးပါပဲ..ဒီလိုပဲ ပရဟိတအလုပ်ဆိုတာလည်း ငယ်သည် ကြီးသည်မဟူ လူတိုင်းမိမိတတ်နိုင်သလောက် လုပ်နိုင်တဲ့အလုပ်ပါ….

အဲဒီလို အများအကျိုးအတွက် ငယ်သည်ကြီးသည်မဟူ လူတိုင်းလုပ်နိုင်ပါတယ်ဆိုတဲ့အကြောင်းကိုသက်သေပြခဲ့တာကတော့ အသက် ၁၀၀ ရှိပြီ ဖြစ်တဲ့ စစ်ကိုင်းတိုင်းက အဘွားတစ်ယောက်ပါပဲ…

အဘွားက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ မဲဇာစံပြကျေးရွာအနီးက ပါအော့ရွာမှာ နေသူပါ…နာမည်ကတော့ ဒေါ်လှညိုလို့ ခေါ်ပါတယ်…..အဲဒီလို အများအကျိုးအတွက် ငယ်သည်ကြီးသည်မဟူ လူတိုင်းလုပ်နိုင်ပါတယ်ဆိုတဲ့အကြောင်းကို

သက်သေပြခဲ့တာကတော့ အသက် ၁၀၀ ရှိပြီ ဖြစ်တဲ့ စစ်ကိုင်းတိုင်းက အဘွားတစ်ယောက်ပါပဲ…အဘွားက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ မဲဇာစံပြကျေးရွာအနီးက ပါအော့ရွာမှာ နေသူပါ…နာမည်ကတော့ ဒေါ်လှညိုလို့ ခေါ်ပါတယ်…..

ဒါပေမဲ့ လူငယ်လူရွယ်တွေ မမြင်မတွေ့ကျော်သွားတဲ့ ပရဟိတအလုပ်ကို သူလုပ်ပြခဲ့ပါတယ်…အဲတာကတော့ ရွာလယ်လမ်းမကြီးမှာ ထူထပ်အောင်ပေါက်နေတဲ့ မြက်တွေကိုလမ်းမလျှောက်နိုင်လို့ ထိုင်ရက်နဲ့ပဲ တူရွင်းတချောင်းကိုင်ပြီး ရှင်းပေးခဲ့တာပါ….

အလွန်ရှည်တဲ့ ရွာလယ်လမ်းမကြီးကို ထိုင်ရင်းတရွေ့ရွေ့နဲ့ မြက်တွေရှင်းလာတာ လမ်းမတစ်ခုလုံး ပြောင်သလင်းခါသွားပါတော့တယ်….

ဒီ အသက်အရွယ်နဲ့ နားနားနေနေမနေဘဲ ပရဟိတလုပ်တဲ့ အဘွားရဲ့ စိတ်တ်ကတော့ အလွန်ချီးကျူးလေးစားစရာကောင်းသလို လူငယ်တွေအတွက်လည်း အတုယူရမဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်….

အဘွားတစ်ယောက် ရွာလယ်လမ်းမတစ်လျှောက်မြက်ရှင်းရင် ကုသိုလ်ယူတဲ့ပုံလေးကို ပရိသတ်ကြီးတို့အတွက် ပြန်လည်မျှဝေလိုက်ပါတယ်….
အဘွား သက်တော်ရာကျော်ဒီထက်မက ရှည်ပါစေလို့လည်း ဆုတောင်းပေးခဲ့ကြပါအုံးနော်…

Source ; SanSan Htwe