News

Q စင္တာတြင္ မိန္းကေလး ေရခ်ိဳးေနသည္ကို ဖုန္းျဖင့္ ဗီဒီယို ေခ်ာင္းရိုက္သူအား ဖမ္းမိ

ဒဂုံတကၠသိုလ္ Q စင္တာတြင္ ေရခ်ိဳးေနသူ မိန္းကေလးကို ဗြီဒီယိုခိုးရိုက္ခဲ့သည့္ Q ဝင္ေနသူကို ခံဝန္လက္မွတ္ေရးထိုးေစၿပီး အေဆာင္ေျပာင္းအေရးယူခဲ့ေၾကာင္း သိရပါတယ္။ျဖစ္စဥ္မွာ နိုဝင္ဘာ ၂၃ ရက္နံနက္ ၇ နာရီခြဲ အခ်ိန္ ဒဂုံတကၠသိုလ္ Q စင္တာ(ဆရာမမ်ားအေဆာင္)

တြင္ Q ဝင္ေရာက္ေနသူ လွိုင္ၿမိဳ႕နယ္ေန အသက္ (၂၆)ႏွစ္အ႐ြယ္ အမ်ိဳးသမီးသည္ ၎ေနထိုင္ရာအေဆာင္ ေရခ်ိဳးခန္းအမွတ္(၄)တြင္ ေရခ်ိဳးခဲ့ပါတယ္။ထိုသို႔ေရခ်ိဳးေနစဥ္ ေရခ်ိဳးခန္းအမွတ္ ၂ အတြင္းမွ လူတစ္ဦးက ေရခ်ိဳးခန္းေဘာင္ေပၚမွ လက္ေက်ာ္၍ ဖုန္းျဖင့္

ဗီဒီယိုမွတ္တမ္း ရိုက္ကူးေနသည္ကို ေတြ႕ရွိသျဖင့္ ေၾကာက္လန႔္ၿပီ းေအာ္ဟစ္အကူအညီ ေတာင္းခဲ့ပါတယ္။ Q စင္တာတြင္ ေစတနာ့ဝန္ထမ္းအျဖစ္ ေဆာင္႐ြက္ေနေသာ ေဒါက္တာထက္ထက္ေဇာ္(လ/ထ ကထိက) ဒဂုံတကၠသိုလ္ပါ ဝန္ထမ္းမ်ားမွ ေရာက္ရွိလာၿပီး စစ္ေဆးမႈမ်ား

ျပဳလုပ္ခဲ့ရာ ဗီဒီယိုခိုးရိုက္သူမွာ လမ္းမေတာ္ၿမိဳ႕နယ္ေန လြင္ေမာင္ေမာင္၊ ၂၄ ႏွစ္၊ အခန္းအမွတ္ ၃ တြင္ Q ဝင္ေရာက္ေနသူ ျဖစ္ေၾကာင္း စစ္ေဆး ေတြ႕ရွိရပါတယ္။ ၎၏ဖုန္းကို ေစတနာ့ဝန္ထမ္းမ်ားက ထပ္မံစစ္ေဆးခဲ့ရာ ဖုန္းအတြင္း၌ တိုင္ၾကားသူမိန္းကေလး

ေရခ်ိဳးေနသည့္ ဗီဒီယိုရိုက္ကူးထားသည္ကို ေတြ႕ရွိရၿပီး အဆိုပါ မွတ္တမ္းဗီဒီယိုအား ဖ်က္ဆီးပစ္ခဲ့ပါတယ္။ ၎အေျခအေနႏွင့္ ပတ္သက္၍ ကာယကံရွင္မွ အမႈဖြင့္တိုင္ၾကားလိုျခင္း မရွိသျဖင့္ ေနာက္ေနာင္ ထိုသို႔ ထပ္မံမျပဳလုပ္ရန္ ဝန္ခံကတိလက္မွတ္ ေရးထိုးပါက

ေက်နပ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ က်ဴးလြန္သူ လြင္ေမာင္ေမာင္ကို မြန္းလြဲ ၂ နာရီ ၅၀ မိနစ္၊ ၅၂ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ ေနာက္ေနာင္ ထိုသို႔ ထပ္မံမျပဳလုပ္ရန္ ခံဝန္ကတိ ေရးထိုးခိုင္းၿပီး အေဆာင္ေျပာင္း အေရးယူခဲ့ေၾကာင္း သိရပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒဂုံတက္ကသိုလ် Q စင်တာတွင် ရေချိုးနေသူ မိန်းကလေးကို ဗွီဒီယိုခိုးရိုက်ခဲ့သည့် Q ဝင်နေသူကို ခံဝန်လက်မှတ်ရေးထိုးစေပြီး အဆောင်ပြောင်းအရေးယူခဲ့ကြောင်း သိရပါတယ်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက်နံနက် ၇ နာရီခွဲ အချိန် ဒဂုံတက္ကသိုလ် Q စင်တာ(ဆရာမများအဆောင်)

တွင် Q ဝင်ရောက်နေသူ လှိုင်မြို့နယ်နေ အသက် (၂၆)နှစ်အရွယ် အမျိုးသမီးသည် ၎င်းနေထိုင်ရာအဆောင် ရေချိုးခန်းအမှတ်(၄)တွင် ရေချိုးခဲ့ပါတယ်။ထိုသို့ရေချိုးနေစဉ် ရေချိုးခန်းအမှတ် ၂ အတွင်းမှ လူတစ်ဦးက ရေချိုးခန်းဘောင်ပေါ်မှ လက်ကျော်၍ ဖုန်းဖြင့်

ဗီဒီယိုမှတ်တမ်း ရိုက်ကူးနေသည်ကို တွေ့ရှိသဖြင့် ကြောက်လန့်ပြီ းအော်ဟစ်အကူအညီ တောင်းခဲ့ပါတယ်။ Q စင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသော ဒေါက်တာထက်ထက်ဇော်(လ/ထ ကထိက) ဒဂုံတက္ကသိုလ်ပါ ဝန်ထမ်းများမှ ရောက်ရှိလာပြီး စစ်ဆေးမှုများ

ပြုလုပ်ခဲ့ရာ ဗီဒီယိုခိုးရိုက်သူမှာ လမ်းမတော်မြို့နယ်နေ လွင်မောင်မောင်၊ ၂၄ နှစ်၊ အခန်းအမှတ် ၃ တွင် Q ဝင်ရောက်နေသူ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရပါတယ်။ ၎င်း၏ဖုန်းကို စေတနာ့ဝန်ထမ်းများက ထပ်မံစစ်ဆေးခဲ့ရာ ဖုန်းအတွင်း၌ တိုင်ကြားသူမိန်းကလေး

ရေချိုးနေသည့် ဗီဒီယိုရိုက်ကူးထားသည်ကို တွေ့ရှိရပြီး အဆိုပါ မှတ်တမ်းဗီဒီယိုအား ဖျက်ဆီးပစ်ခဲ့ပါတယ်။ ၎င်းအခြေအနေနှင့် ပတ်သက်၍ ကာယကံရှင်မှ အမှုဖွင့်တိုင်ကြားလိုခြင်း မရှိသဖြင့် နောက်နောင် ထိုသို့ ထပ်မံမပြုလုပ်ရန် ဝန်ခံကတိလက်မှတ် ရေးထိုးပါက

ကျေနပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကျူးလွန်သူ လွင်မောင်မောင်ကို မွန်းလွဲ ၂ နာရီ ၅၀ မိနစ်၊ ၅၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ နောက်နောင် ထိုသို့ ထပ်မံမပြုလုပ်ရန် ခံဝန်ကတိ ရေးထိုးခိုင်းပြီး အဆောင်ပြောင်း အရေးယူခဲ့ကြောင်း သိရပါတယ်။