
သိန်းငှက်မ တစ်ကောင်ဟာ ဥဥဖို့အတွက် တောင်ပေါ်မှာပေါက်တဲ့ သစ်ပင်ရှာတယ်
အဲ့ဒီသစ်ပင်ထဲမှာတောင် အမြင့်ဆုံးသစ်ပင်ပေါ်မှာ အသိုက်ကိုဆောက်တယ်
ပထမတော့ အသိုက်ကို ကြီးတဲ့သစ်ကိုင်း သစ်ခက်တွေနဲ့ ဆောက်လုပ်ပါတယ်
အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ်
နောက်တော့မှ သူမရဲ့ အမွေးနုတွေကို နှုတ်သီးနဲ့ ဆွဲနှုတ်ပြီး ထည့်တယ်
နောက်တော့ အဲ့ဒီအပေါ်မှာ ဥကိုဥလိုက်ပါတယ်
ဥကများများ မဥပါဘူး တစ်လုံး နှစ်လုံးပါပဲ
အဲဒီဥပေါ်မှာ သိန်းငှက်မကြီး ဝပ်တယ်
အချိန်တန်တော့လည်း ဥထဲက သိန်းငှက်ကလေးတွေ ပေါက်လာတယ်
သိန်းငှက်မကြီး က ငယ်သေးတဲ့ သိန်းငှက် ကလေးတွေအတွက် အစားရှားကျွေးပါတယ်
သိန်းငှက်ကလေးတွေ အမွှေးနုတွေထွက်လာပြီ ဆိုရင်သိန်းငှက်မကြီးက အသိုက်ထဲမှာရှိတဲ့ အမွေးနုတွေကို ဖယ်ရှားပစ်တယ်
နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေ ရဲ့ အမွေးတွေရှည်လာရင်သိန်းငှက်မကြီး က သစ်ရွက်ခြောက်တွေ ဖယ်ရှားလိုက်တယ်
သဘော ကတော့ ကြမ်းတမ်းတဲ့ သစ်ကိုင်းသစ်ခက်တွေရဲ့ အထိအတွေ့နဲ့ ကြီးပြင်းစေချင်လို့ပါ
နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေ ရဲ့ အတောင်ပံတွေက ရှည်သထက် ရှည်လာတယ်
ပျံသန်းလို့ ရနိုင်တဲ့ အချိန်ကို ရောက်ပြီလို့ သိန်းငှက်မကြီးက ယူဆတဲ့အချိန်မှာ သိန်းငှက်ကလေးတွေကို အသိုက်ထဲက တွန်းချလိုက်တယ်
သိန်းငှက်ကလေးတွေက ယက်ကန်ယက်ကန် နဲ့တောင်ပေါ်အသိုက်ထဲက ပြုတ်ကျသွားတယ်
မပျံနိုင်သေးလို့ ကျောက်ကြိုကျောက်ကြားထဲကျလို့ မရသေးဘူး ထင်ရင်သိန်းငှက်မက အသိုက်ထဲကို ပြန်ချီလာတယ်
သိပ်မကြာခင်မှာပဲ သိန်းငှက်မကြီးက သူရဲ့သားသမီးတွေကို အသိုက်ထဲက တွန်းချပြန်တယ်
ဒီလိုနည်းနဲ့ပဲ အကြိမ်ကြိမ် အခါခါ တွန်းချပါတယ်
သိန်းငှက်ကလေးတွေဟာ လေထဲမှာ ဝဲပြီးပျံသန်းနိုင်ပြီဆိုတာနဲ့ အစစအရာရာ ကိုယ့်တာဝန် ကိုယ်ယူပေတော့
ဒီမှာ သိန်းငှက်မကြီးရဲ့ တာဝန်ပြီးပြီ …
👇👇👇👇👇
အမေရိကန်နိုင်ငံသား တွေဟာသိန်းငှက်ပုံပြင်လိုပဲ သူတို့သားသမီးတွေကို လမ်းလျှောက်တတ်ခါစမှာဘဲအမှိုက်ပုံးမှာ ကိုယ့်အမှိုက်ကို ကိုယ်ပစ်တတ်အောင် သင်ပေးတယ်
အရွယ်နဲ့အမျှ တတ်နိုင်တဲ့ တာဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်ပေးတယ်
အသက်( ၁၈ ) နှစ်ပြည့်ရင်တော့သိန်းငှက်မက အသိုက်ထဲက တွန်းချလိုက်သလိုမျိုး တွန်းချလိုက်တာပဲ
ကိုယ့်စရိတ် ကိုယ်ရှာပြီး ကောလိပ် တက္ကသိုလ်တက်ပေတော့
ဘွဲ့မရခင်မှာဘဲ လုပ်ငန်းအတွေ့အကြုံက အမျိုးမျိုးရနေပြီ
ယောက်ျားရော မိန်းမပါ အရွယ်ရောက်တာ နဲ့ ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ
သေနတ်တိုင်းကိုလည်းကျွမ်းကျွမ်းကျင်ကျင်ပစ်တတ်နေပြီ
ရေကူးခြင်း အတတ်ပညာကိုလည်းကောင်းကောင်း ကျွမ်းကျင်နေပြီ
နိုင်ငံပေါင်းမြောက်များစွာကိုလည်း ရောက်ဖူးနေပြီ
သားသမီးတွေကို မိဘများအနေနဲ့ ဘဝမှာ အကောင်းဆုံးလက်ဆောင်ဟာတစ်သက်လုံး သုံးလို့ မကုန်တဲ့ ငွေမဟုတ်ပါဘူး
ရင်ခွင်ထဲမှာ အမြဲတမ်းထည့်ထားဖို့လည်း မဟုတ်ပါဘူး
ဘွဲ့လက်မှတ်လည်း မဟုတ်ပါဘူး
အိမ်ထောင်ဖက် ကောင်းကောင်းကို ရွေးပေးတာလည်း မဟုတ်ပါဘူး
မိဘများအနေ နဲ့ သားသမီးတွေကိုပေးသင့်တဲ့ အကောင်းဆုံးလက်ဆောင်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးတဲ့ စိတ်ဓာတ်ပါ
ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်ကိုရနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုက တော့သူတို့ကြောက်နေတဲ့ အလုပ်ကိုသူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်းဖြစ်တယ်
မိဘများအနေနဲ့ ထိန်းကြောင်းပေးဖို့ပဲ လိုပါတယ်
သူတို့ကို အကြိမ်ကြိမ်အခါခါ တွန်းချဖို့ လိုပါတယ် …
#နည်းပညာပန်းခင်း