“အသက် (၃၀) နှစ် ခန့်ရှိတဲ့ နွားအဖိုးအိုအတွက်. . .အဖွားအိုရဲ့ နောက်ဆုံးနှုတ်ဆက်စကား”

အကောင်းဆုံးနှုတ်ဆက်ခြင်း

အသက်နှစ်(၃၀)ခန့်ရှိတဲ့နွားအဖိုးကြီးကိုကျောင်းလာအပ်ထားတာတစ်လလောက်ရှိပါပြီ။

သူ့နာမည်ကမောင်လပြည့်တဲ့

ပိုင်ရှင်အဖွားကသူ့သားကြီးကိုလွမ်းလို့လာကြည့်ရင်းအမိန့်ပြန်နေတာဝမ်းနည်းစရာကောင်းသလိုနည်းယူမှတ်သားစရာလည်းဖြစ်ပါတယ်။

“ငါ့သားကြီးလပြည့်ရေဆရာတော်ထံမှာတရားသံတွေနဲ့နေဝင်ချိန်ကိုအကောင်းဆုံးအေးအေးချမ်းချမ်းဖြတ်ကျော်ပါနော်

အမေတို့ကငါ့သားအပေါ်မှာအကြွေးများကျန်သေးရင်ကျေပြီလို့မှတ်လိုက်ပါသားရေအကောင်းဆုံးဘဝတွေကိုလွတ်လပ်စွာရွေးခြယ်ဖို့ဆရာတော်ဆီကတရားတွေနာပါ

သားရေအမေလည်းအသက်၈၀ဆိုတော့ငါ့သားဆီနောက်တစ်ခေါက်လာနိုင်ဖို့မလွယ်တော့လိုနှုတ်ဆက်ခဲ့ပါတယ်သားရေ”တဲ့

အသက်ရှစ်ဆယ်အဖွားရဲ့စေ့စပ်သေချာလှတဲ့လုပ်ရပ်ကအတုယူစရာပါ

ဒီတခါဘေးမဲ့လာပို့တိုင်းဒီနည်းနဲ့အမိန့်ပြန်ခဲ့ခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်လိုအပ်တယ်လို့လည်းထင်ပါတယ်။

အကြွေးဟူသမျှကင်းပကြပါစေ။

(အာရုဏ်နိမိတ်ကောင်းတွေကြားမှာနိဂုံးချုပ်ခွင့်ရစေချင်လို့ပို့ထားခြင်းဖြစ်ပါသည်)

မေတ္တာဝါဒီပရဟိတ

အကြွေးတွေရှိရင်ဒီတဘဝအပီးဆပ်နိုင်ကြပါစေ