
နယူးဇီလန်နိုင်ငံသားတစ်ယောက် ရန်ကုန်ဟိုတယ်ကြီးတစ်ခုမှာ လာတည်းတယ်။
ဟိုတယ်က သောက်ရေသန့်ဗူးတွေ သူ့အခန်းထဲမှာ နေ့စဉ်အလုံအလောက်ထည့်ပေးတယ်။
ဒါပေမဲ့ သူ အဲဒီရေသန့်ဗူးသစ်တွေ ဖောက်မသောက်ဘူး။
ပထမဆုံး ရောက်စက ဖောက်တဲ့ဗူးခွံထဲကိုပဲ ဧည့်ခန်းမကြီးမှာရှိတဲ့ ရေသန့်ဗူးကြီး ( waters cooler) ကနေ အမြဲပြန်ထည့်သောက်တယ်။
သူနေ့စဉ် အဲသလိုလုပ်ပြီး သောက်နေတာမြင်တော့ ဧည့်ကြိုကောင်လေးက ထူးဆန်းနေတဲ့အမြင်နဲ့ ဧည့်သည်ကြီးကိုမေးတယ်…,
Excuse me please …! ပေါ့…,
ဘာကြောင့် ဗူးအသစ်တွေပေးထားရဲ့သားနဲ့ ဗူးခွံတစ်ခုနဲ့ပဲ ထပ်တလဲလဲ အပင်ပန်းခံ ဧည့်ခန်းမှာ ရေလာလာဖြည့်ပြီး သောက်သလဲ…! ပေါ့…,
ဧည့်သည် နယူးဇီလန်သားက ပြောတယ်…,
ငါ တစ်ရက်ကို ရေ ၃ ဗူးသောက်တယ်…, ငါ ရန်ကုန်မှာ အလုပ်တာဝန်နဲ့ တစ်လ နေမှာ…! ငါ ပြန်သွားတဲ့အခါ မြန်မာပြည်မှာ ရေသန့်ဗူးခွံ ၉၀ (၃ ဗူး ရက် ၃၀ = ၉၀) အမှိုက်အဖြစ် ချန်မထားခဲ့ချင်ဘူး…! တဲ့လေ…,
လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က ဖတ်မိ၊ မှတ်မိခဲ့တဲ့ ဆောင်းပါးတစ်ခုပါ။
ရေဗူးအသစ်သောက်မှ လူရာဝင်တယ်ထင်…, ဖောက်ပီးပြန်လည်း တဝက်တပျက် ကုန်အောင်မသောက်ပဲ တွေ့ကရာ ပစ်ခဲ့ကြတာကို ယဉ်ကျေးမှုလို့ထင်နေကြတဲ့ မြန်မာတချို့အစား ရှက်မိသားဗျာ…,
လေးစားမိပါတယ် ဧည့်သည်ကြီးရေ…!
အဲဒီဆောင်းပါးဖတ်မိပြီးကတည်းက အလကားရနေပါစေဦးတော့ ဗူးအသစ်တွေမလိုအပ်ပဲ မဖေါက်တော့သလို၊ တတ်နိုင်သမျှ ဗူးအကြီးထဲကရေကိုပဲ ဗူးအသေးထဲ အလီလီ ပြောင်းထည့် သောက်ခဲ့ဖြစ်တော့တယ်…။ ။
Credit to Owner
#တခါက