“ကားခေါင်မိုးပေါ်မှာ ဘုရားပုံတော်ဗီနိုင်း အုပ်ထားခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်း”
ကားခေါင်မိုးပေါ်မှာ ဘုရားပုံ ဗီနိုင်းကပ်ထားတာတွေ့လို့ ဘာကြောင့်ဒီလိုလုပ်ထားတာလဲလို့ စုံစမ်းကြည့်လိုက်တဲ့အခါမှာ ငိုရခက် ရယ်ရခက် ဖြစ်ခဲ့ရပါတယ် တာမွေမှာနေတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ကားကို တိုက်အောက်မှာ ရပ်ထားတဲ့အချိန် တိုက်ပေါ်ကနေ ကားပေါ်ကို ကွမ်းတံတွေးထွေးချလွန်းလို့ စိတ်ဘယ်လိုေြညစ်နေခဲ့ပါသတဲ့ ကွမ်းတံတွေးမထွေးချကြဖို့ ပြောလို့လဲမရ ဘယ်လိုပြောပြော ကားပေါ်ကို ကွမ်းတံတွေး ထွေးချတာခံနေရတာ တစ်နှစ်ကျော်တောင် ကြာခဲ့ပါသတဲ့ နောက်ဆုံး အကြံကုန်တဲ့အခါ ဘုရားပုံတော်ကို ဗီနိုင်းထုတ်ပြီး ကားပေါ်မှာ အုပ်ထားလိုက်ပါသတဲ့ . . .အဲဒီတော့မှ ဘယ်သူမှ မထွေးရဲတော့ဘဲ အဆင်ပြေသွားပါသတဲ့ သူက ခုလိုရေးသားထားပါသေးတယ် “တာမွေအိမ်မှာ တိုက်ပေါ်ကနေ ကားပေါ်ကို ကွမ်းတံတွေးထွေးတဲ့ ကိစ္စ ဘယ်လိုမှ ရှင်းလို့မရလို့Vinyl ထုတ်ပြီး ဗုဒ္ဓဆီက စစ်ကူတောင်း။ တစ်နှစ်ကျော်ရင်ဆိုင်ရတဲ့ ပြသနာဟာ ချက်ချင်းပြေလည်သွား။ မည်သူမျှ မထွေးတော့။ (အမေသိရင် ကျနော့်ကို သတ်မလားမသိ)” ဆိုပြီး တင်ထားတာဖြစ်ပါတယ်…